ဒီဇင်ဘာလ တစ်ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မဲလ်ဘုန်းမြို့ မြန်မာ မိသားစုတိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံမှုအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စည်းလုံးညီညွတ်မှု ရှိဖို့နဲ့ တစ်ဦးပေါ် တစ်ဦး မုဒိတာပွား မေတ္တာထားဖို့ အဓိက ပြောကြားခဲ့ပါတယ်။
အဲဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်းတွေ၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး သူက ဦးဆောင်လုပ်ကိုင်မှာထက် တိုင်းရင်းသားတွေ ဦးဆောင်လုပ်ကိုင်တဲ့ နေရာမှာ အတတ်နိုင်ဆုံး ပံ့ပိုးသွားတာမျိုး လုပ်လိုကြောင်းလည်း ပြောသွားခဲ့ပါတယ်။
မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးနောက် ၂၅ နှစ်ကြိမ်မြောက် ကမ္ဘာ့ HIV/AIDS နေ့မှာ အမှာစကားပြောကြားခဲ့ပြီး ရောဂါခံစားရသူတွေအပေါ် ခွဲခြားဆက်ဆံတာမလုပ်ပဲ လူ့လောကမှာ ကိုယ်နဲ့မတူတဲ့ လူတွေရှိတယ်ဆိုတာကို အမှတ်ရပြီး ဒီလို မတူညီမှုတွေပေါ် အခွင့်ကောင်းယူပြီး ပိုမိုကောင်းမွန်တဲ့ လူသားတွေဖြစ်အောင် ကြိုးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။
HIV/AIDS ရောဂါကြောင့် သေဆုံးသူအယောက်ပေါင်း ၃၈ သန်းရှိခဲ့ပြီး ခုအခါမှာ လူပေါင်း ၃၄ သန်းက အဲဒီရောဂါ ခံစားနေရကြောင်း သိရပါတယ်။
စနေနေ့တုန်းကလည်း သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပြီး တရားဥပဒေစိုးမိုးရေးဟာ မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့အရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံက လူများစုတွေအတွက် ဥပဒေဟာ သူတို့ကို ကာကွယ်ဖို့ထက် နှိပ်ကွပ်ဖို့ ကန့်သတ်ဖို့ ဖြစ်နေတဲ့အကြောင်း ဒီလို ကန့်သတ်နှိပ်ကွပ်မှုတွေလုပ်တဲ့အတွက် လူတွေရဲ့ အစပျိုးမှုတွေ၊ စွမ်းရည်တွေမှာ ထိခိုက်နေရတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကနေ့မှာပဲ သြစတြေးလျနိုင်ငံကနေ ထွက်ခွာပြီး မြန်မာနိုင်ငံကို ပြန်မှာ ဖြစ်ပါတယ်။
သောတရှင်များရှင် သတင်းအပြီးမှာလည်း တနင်္ဂနွေနေ့က ကျရောက်တဲ့ HIV/AIDS နေ့နဲ့ ပတ်သက်တဲ့ အထူးအစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ ရှိပါတယ်။
အေးချမ်းမွန် Credit To > ABC Radio Australia < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.