အောင်သက်ကို
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။ ။ တက္ကသိုလ် ကျောင်းသားများ အဆောင်ပြန် နေ ခွင့်ပြုမည်ဖြစ်သော်လည်း တက္ကသိုလ် အဆောင်နေ ကျောင်း သား များ အဆောင်အတွင်း နိုင်ငံရေး လုပ်ဆောင် ပါက အဆောင်မှထုတ် ပစ်သည်အထိ အရေး ယူသွား မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦး စီးဌာနမှ အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြား လိုက်သည်။
တက္ကသိုလ်အဆောင်များ တွင် ရန်ကုန်မြို့တော်စည်ပင် သာယာနယ် နိမိတ်ပြင်ပမှ ကျောင်း သားများကို လက်ခံပေးသွားမည် ဖြစ်ပြီး ယင်းတို့ သည် အဆောင် စည်းကမ်းသတ်မှတ်ချက်များကိုလိုက
''အဆောင်မှာနေတဲ့ သူဆိုရင် အဆောင်နေစည်းကမ်းတွေကို လိုက်နာမှဖြစ် မယ်။ မူးယစ်သောက် စားတာတွေ၊ ဥပဒေနဲ့ မလွတ်ကင်း တာတွေကို လက်ခံမှာမဟုတ်ပါ ဘူး။ အဆောင်နေတဲ့သူတွေထဲ မှာ နိုင်ငံရေးလုပ် တဲ့သူတွေ မပါ လာဘူး လို့တော့ ပြောလို့မရဘူး။ သူတို့ကို စည်ပင် နယ်နိမိတ်ပြင်ပ က ပထမနှစ်ဆို လက်ခံမယ်။ တ ခြားနောက်ကြောင်း ဆရာတို့ ဘာမှမသိဘူး။ သူတို့ကိုလိုက် ကြည့်နေရမယ်ဆိုရင်တော့ ဘာ မှလုပ်ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံ ရေးနဲ့နွှယ်တဲ့သူတွေ လက်မခံ ဘူး မဟုတ်ဘူး လက်ခံတယ်။ ဒါပေမဲ့ အဆောင်စည်းကမ်းအတိုင်း နိုင်ငံ ရေးမလုပ်ရဘူး။ လုပ်ရင်တော့ ထုတ်ပစ်မှာ။ မူးရမ်း တာမျိုးတွေ ဆိုလဲ ထုတ်ပစ်မှာပါ။ ဆရာတို့က တော့ လုပ်စရာရှိတာကိုပြတ်ပြတ် သားသား လုပ်သွား မယ်''ဟု အ ဆင့်မြင့် ပညာဦးစီး ဌာနမှ အရာ ရှိက ရန်ကုန်တိုင်းမ်သို့ပြောသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/Zup18L
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment