ကိုသစ္စာ
မုံရွာ ၊ ဒီဇင်ဘာ ၃ ။ ။ ယာဉ်ထိန်းရဲ မောင်းနှင်လာသော ယာဉ် တန်း ရှေ့ပြေးဆိုင် ကယ်အပါအဝင် တခြားဆိုင်ကယ် တစ်စီးကိုပါ ဝင် တိုက်မိသော ယာဉ်မောင်းမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံး ခဲ့သော ယာဉ်တိုက်မှုတစ်ခု ဒီဇင် ဘာ ၂ရက် မွန်းလွဲ ၁နာရီခန့်က မုံရွာမြို့၊ မုံရွာတောင်ရပ် ကား လေးကွင်းအနီး ပြည်ထောင်စု လမ်းမကြီးပေါ် တွင် ဖြစ်ပွားခဲ့ ကြောင်း မျက်မြင်တွေ့လိုက်ရသူ များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့က ချောင်းဦးမြို့နယ် ကုလားကြီး ကျေးရွာနေ အသက်၂၆နှစ်အ ရွယ် မောင်ခိုင်မောင်းနှင် ပြီး နောက်မှ ထိုင်လိုက်သူ မျိုးသန့် အောင်တို့၏ လီဖန်းစူပါကပ်မှာ ပြည်ထောင်စု လမ်းအ တိုင်း မောင်း နှင်လာပြီး ဆိုင်ကယ်နှစ်စီး အား ကျော်တက်စဉ် အရှိန် မထိန်းနိုင် ဘဲ တစ်ဖက်ယာဉ်ကြောရှိ နိုင် ထက်အောင်နှင့် ရှုမဝဟင်္သာ ၁၉နှစ် မုံရွာမြို့ ဆူးလေကုန်းရပ် ကွက်နေသူတို့ စီးနင်းလာသော လုံစင်းဆိုင်ကယ်ကို ဝင်တိုက်မိပြီး နောက် မုံရွာယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ်ကျော်ဇင်နိုင်မောင်း လာသော အဖြူရောင်ရှေ့ပြေး ဆိုင်ကယ်အား ထပ်မံဝင်တိုက်မိခဲ့ ခြင်းဖြစ်သည်။
ယင်းယာဉ်တိုက်မှုကြောင့် မောင်ခိုင်မှာ နေရာတွင်ပင် သေ ဆုံးပြီး မျိုးသန့်အောင် မှာ ယာ ဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲတံတောင်ပွန်း ဒဏ်ရာနှင့် ရှု မဝဟင်္သာမှာ ယာဘက်ခြေသလုံး ကျိုးဒဏ်ရာ၊ ဒုရဲအုပ်ကျော် ဇင် နိုင်မှာ ဝဲဘက်လက်မ၊ လက်ကောက် ဝတ် ဖူးရောင်ပေါက်ပြဲဒဏ်ရာရရှိခဲ့ ကြသည်။
၎င်းကြောင့် ယာဉ်အားမ ဆင်မခြင်မောင်းနှင်သူ မောင်ခိုင် အား မုံရွာမြို့ မြို့မရဲစခန်းမှ (ပ) ၁၈၀/၂၀၁၃ပုဒ်မ၃၀၄(က) /၃၃၈ ဖြင့် အမှုရေးဖွင့် ထားသည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment