0

ကျော်မြတ်ဇံ

ရန်ကုန် ၊ ဒီဇင်ဘာ ၃။ ။ နေပြည် တော်တွင် လယ်သမားများနှင့် အမှုဖြစ်နေသော ဗိုလ်မှူးချုပ်စိုး ရှိန်အမှုကို ဘက်လိုက်ခြင်းမရှိ ဥပဒေအတိုင်း အမှန်အတိုင်းကိုင် တွယ်ဆုံးဖြတ်မည်ဟု နေပြည် တော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦး က ပြောသည်။

အဆိုပါ အဆင့်မြင့်အရာ ရှိက ''ပြည်သူတွေကတော့ထင် ကြမယ် ဒီအမှုကို ဘက်လိုက်မှု တွေရှိလိမ့်မယ်ဆိုပြီးတော့ပေါ့။ အဲလိုမျိုးမဟုတ်ဘူး။ ဥပဒေအ တိုင်းပဲဆုံးဖြတ်မှာပါ။ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ကဖြစ်စဉ်မှန် အတိုင်းစုံစမ်း ပြီး ဥပဒေအရ အရေးယူအပြစ် ပေးမှာပါ။ လောလောဆယ်တော့ ဒီအမှုက ဆက်စစ်နေတုန်းပဲ''ဟု ပြောသည်။

ယခုနှစ် ဇူလိုင်၆ရက်က လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာအုပ်စု အင်းတိုင်သာရွာ ရှိ ကိုအောင်သန်းဦးလယ်မြေ သို့သွားရောက် ကာ ဗိုလ်မှူးချုပ် စိုးရှိန်က သေနတ်ပြပြီး ''ငါ့မြေ ကိုဝင်လုပ်ရင် ပစ်သတ်မည်''ဟု ခြိမ်းခြောက်ခဲ့ပြီး ဗိုလ်မှူးချုပ် စိုးရှိန် ၏ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်း က တောင်သူမခင်တင့်၏ လယ် သို့ရောက်လာပြီး မခင်တင့်၏ရင် ဘတ်ကိုဆွဲကာ လက်သီးဖြင့် ထိုး ရန်ကြံ စည်ခဲ့သောကြောင့် ကာယ ကံရှင်နှစ်ဦးက သက်သေများနှင့် အတူ လယ်ဝေးရဲစခန်းသို့ စာရေး ကာ တိုင်ကြား ခဲ့ကြောင်း၊ အဆို ပါအမှု ကို လယ်ဝေးရဲစခန်းက ဩဂုတ် ၁၂ရက်မှ စတင်ကာစစ် ဆေးနေကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top