Home
»
ပြည်တွင်းရေး
» အင်တာနက်လုံခြုံရေး အာရှ-ပစိဖိတ် သတင်းအချက်အလက်ချိတ်ဆက်မှုဗဟိုဌာန မြန်မာပြည်တွင် ဟောပြောမည်
စ,ချိုကို| သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်အင်တာနက်အသုံးပြုမှုအတွက် လုံခြုံရေးဆိုင်ရာကာကွယ်မှုများနှင့်ပတ်သက်ပြီး အိုင်တီနည်းပညာရှင် များ၊ ကွန်ပျူတာပညာကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများ အခမဲ့တက်ရောက် ဆွေးနွေး နိုင်ရန် အာရှ-ပစိဖိတ် သတင်းအချက်အလက်ချိတ်ဆက်မှုဗဟိုဌာန Asia Pacific Network Information Centre(APNIC)မှ မန်နေဂျာက လာရောက်ဆွေးနွေးမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်မှ သိရသည်။
လုံခြုံရေးဆိုင်ရာကာကွယ်မှုများနှင့် သက်ဆိုင်သည့် Internet Infrastructure Security For Protection and Resilience ဟူသောခေါင်းစဉ်ဖြင့် APNIC မှ မန်နေဂျာ Mr. Champika Wijayatu- nga က ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်MICT Park ရှိ Conference ခန်းမတွင် လာရောက်ဆွေးနွေးပြောကြားမည်ဖြစ်သည်။ ဟောပြောပွဲ၌ Network security fundamentals, Managing Internet resources in a security perspective, Network infrastructure security, Securing routing infrastructures, Securing DNS infrastructures စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
ထို့ပြင် အင်တာနက်စနစ်တစ်ခုတည်ဆောက်ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သော အခြေခံသဘော တရားများ၊ နည်းပညာများနှင့်တကွ ချမှတ်ဆောင်ရွက်သင့်သော မူဝါဒပိုင်းဆိုင်ရာများကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသွားမည် ဖြစ်သည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Mizzima - News in Burmese
Post a Comment