0

မျိုးသန့်| သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်သည့် ဆိုင်ခန်းများကို ဆိုင်ခန်းခ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိနေသည်ဟု မန္တလေးတိုင်း အခွန်ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“ဆိုင်ခန်းတွေကို အခွန်ငွေတိုးတက်ရရှိစေရေးနဲ့ အခွန်ပုန်း၊ အခွန်းရှောင်တွေ လျော့ကျစေဖို့ ရည်ရွယ်ပြီး တိုးမြှင့်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်၊ အတိအကျ ကောက်ခံမယ်ဆိုတာမျိုးတော့ မရှိသေးပါဘူး၊ စည်ပင် က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲပါ”ဟု ပြောသည်။

စည်ပင်သာယာဆိုင်ခန်းများမှာ မန္တလေးမြို့ရှိ ကားကွင်းခြောက်ကွင်း၊ နယ်မြေအလိုက် ဈေးများနှင့် သက် ဆိုင်ရာအလိုက် ငှားရမ်းခွင့်ပေးထားသော ဆိုင်ခန်းများအပါအ၀င် စုစုပေါင်းဆိုင်ခန်း ,၀၀၀တိုးမြှင့်ကောက် ခံသွားရန် စီစဉ်နေခြင်းဖြစ်သည်။

လတ်တလောတွင် ဆိုင်ကယ်စက်ဘီးရပ်နားခ ကောက်ခံမှုများတွင်လည်း သတ်မှတ်ထားသည့် နှုန်းထား အတိုင်း မကောက်ခံခြင်းကြောင့် အရေးယူမှုများ ပြုလုပ်နေသည်ဟု အခွန်ဌာနအရာရှိက ဆိုသည်။ အခွန် တိုးမြှင့်ကောက်ခံခြင်းကို ၂၀၁၄ ဇန်န၀ါရီလအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Mizzima - News in Burmese

Post a Comment

 
Top