0


၂ဝ၁၁ ခုနှစ် ဂျကာတာ ဆီးဂိမ်း ပြိုင်ပွဲတွင် မီတာ ၄ဝဝ လက်ဆင့် ကမ်း ပြေးပွဲ၌ ငွေတံဆိပ်ဖြင့် သာ ကျေနပ်ခဲ့ ရသော စင်ကာပူ အသင်းက လာမည့် ၂ဝ၁၃ ဆီးဂိမ်း ကို ရွှေ တံဆိပ် ဆုရယူရေး အတွက်သာ ပစ်မှတ်ထားသည်ဟု ဆိုသည်။

”ကျွန်တော်တို့ ပြတ်သားတဲ့နိုင်ပွဲ အတွက် သွားမှာပါ။ ကျွန်တော်တို့ လက် လွှတ်ခဲ့ ရတဲ့ ရွှေတံဆိပ် ကို ပြန်ရယူဖို့ သွားပြိုင်မှာပါ” ဟု အပြေးသမား Kang က ပြောသည်။

၂ဝ၁၃ ခုနှစ် ဆီးဂိမ်းတွင် စင်ကာပူ လက်ဆင့်ကမ်း အပြေးအဖွဲ့ က ရွှေတံဆိပ် ဆုရရေးမှာ ရာနှုန်းပြည့် နီးပါးသေချာနေပြီး ယင်းအောင်ပွဲ အတွက် အဓိက အရေးပါ လာမည့်သူမှာ ဆီးဂိမ်း ၃ ကြိမ် ဆက်ပြိုင်ပွဲဝင် ကစားသမား Yeo ပင်ဖြစ်သည်က ၄င်းကဆိုသည်။

”ကျွန်တော့်ရဲ့ တံကောက်ကြော ဒဏ်ရာက မသက်သာဘူး ဆိုရင်တောင်မှ ကျွန် တော် ပြိုင်ပွဲ ဝင်သွားမှာပါ။ ရင်ပွင့် ထွက်သွားအောင် ကြိုးစားပြီး ရွှေ တံဆိပ် ရယူမယ်” ဟု Yeoက ပြောသည်။ ထို့အတူ စင်ကာပူ အမျိုးသမီး လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲ ဝင်အဖွဲ့ကလည်း ၂ဝ၁၁ ခုနှစ် ဆီးဂိမ်း တွင် အဆင့် ၅ နေရာ မှသာ ပန်းဝင်နိုင် ခဲ့သော် လည်း ယခု ဆီးဂိမ်းတွင် မူ အောင်မြင်မှု ရလိမ့်မည်ဟု အကောင်းမြင် ထားသည်။

”ဒါဟာ ကျွန်မရဲ့ကစားသမား သက်တမ်းမှာ အတောင့်တဆုံး အသင်း နဲ့အတူ ပြိုင်ပွဲ ဝင်ရမှာပါ”ဟု ဝါရင့်အပြေးမယ် Dipna ကပြောသည်။

အေးချမ်းမွန် Credit To > Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top