0


ဒီဇင်ဘာလ (၉)ရက်နေ့၊မွန်းတည့်(၁၂)နာရီအချိန်ခန့်က
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်မှာရှိတဲ့
အခြေခံပညာမူလတန်းလွန်ကျောင်း (အောင်တော်မူကျောင်း)၏အနောက်ဘက်၌ ကလေးငယ်နှစ်ဦးကစားနေစဉ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ဦးခေါင်းတော်ကိုတွေ့ရှိ ခဲ့ကြောင်း ကျောင်းအုပ်ဆရာကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သိရှိခဲ့သဖြင့် ထပ်မံတူးဖော်ခဲ့ရာ ဗုဒ္ဓရုပ်ပွားတော် (၁၁)ဆူ၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်ရုပ်ထု (၂)ခု၊ ဇော်ဂျီရုပ်ထု(၁)ခု၊ ဆင်ရုပ်ထု(၂)ရုပ်၊ ရှင်သီဝလိရုပ်ထု(၁)ခု၊ အန်းကုန်းရုပ်ထ(၁)ခု၊ ခြင်္သေ့ရုပ်ထု(၁)ခုနှင့်
ရှေးဟောင်း ကြေးအကြွေစေ့(၅၁၈)စေ့တို့ကို ထပ်မံတူးဖော်ရရှိခဲ့ကြောင်းသိခဲ့ရပါတယ်။
အဆိုပါရုပ်ပွားတော်များနဲ့ရုပ်ထုများကို အများပြည်သူပူဇော်လေ့လာနိုင်ရေးအတွက် မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခေတ္တထားရှိထားတာမို့ လေ့လာဖူးမြှော်လိုသူများ သွားရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါတယ်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:မွန်ပြည်နယ်အလင်း

Post a Comment

 
Top