KL
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ၏ကြားကာလ ယုံကြည်မှု
တည်ဆောက်ခြင်းနှင့်
သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အစည်းအဝေးပွဲတွင် လုံခြုံရေးနှင့်ပတ်သက်၍
ဒေသတွင်း နိုင်ငံတကာ ကိစ္စရပ်များကိုအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
အာရှနှင့် ပစိဖိတ်ဒေသလုံခြုံရေးအဓိကဆွေးနွေးသည့် ၎င်းအစည်းအဝေးသည် ၂၀၁၃/၂၀၁၄
ခုနှစ်အတွင်း ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး
လုံခြုံရေးကိစ္စရပ်နှင့်ပတ်သက်၍ ယုံကြည်မှုတည်ဆောက်ရေး၊ သံတမန်နည်းလမ်းအရ
ကြိုတင်ကာကွယ်မှုဆိုင်ရာ လှုပ်ရှားမှုများ၊ ဦးဆောင်ဦးရွက်ပြုမှုများကို ပြန်လည်သုံးသပ်ခြင်း
တို့ကို ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ု ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက် အထိ ၂ ရက်တိုင်
ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌
ကျင်းပခဲ့သည့် ယင်းအစည်းအဝေးသို့ ARF အဖွဲ့ဝင် ၂၅ နိုင်ငံနှင့်
အာဆီယံ အတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ ARF ၏ဒုတိယအကြိမ်
အစည်းအဝေးကို လာမည့်နှစ် ဧပြီ ၇ ရက်မှ ၉ ရက် အထိ ဘရပ်ဆဲလ်မြို့တွင် အီးယူမှ
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံဒေသဆိုင်ရာ ဖိုရမ် အဆင့်မြင့်အရာရှိကြီးများအစည်းဝေးနှင့် ၀န်ကြီး
အဆင့်အစည်းအဝေးများကို လာမည်နှစ်တွင် လက်ခံကျင်းပသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ
သတင်းထုတ်ပြန်သည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:Popular Myanmar News Journal
Post a Comment