လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများတွင် လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ အဆိုးရွားဆုံးဖြစ်နေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။
ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိ လှိုင်မင်္ဂလာခန်းမ၌ ပြုလုပ်သည့် (၆၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ The Daily Eleven ၏ မေးမြန်းမှုကို ဦးအောင်မျိုးမင်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများတွင် အဆိုးရွားဆုံး ခေါင်းစဉ်တစ်ခုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဦးအောင်မျိုးမင်းက "အခုနောက်ပိုင်းမှာ လူပြောများလာတာကတော့ လယ်ယာမြေကိစ္စလို့ ပြောလို့ရပါတယ်။ လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီတောင်ဖွဲ့ပြီး လုပ်ဆောင်နေရပြီ။ အဲဒီထဲမှာလည်း လယ်ယာမြေပြန်အပ်ဖို့အတွက် တောင်းဆိုတိုက်ပွဲဝင်နေတာ တွေရှိတယ်။ လယ်ယာမြေပြဿနာက နေရာဒေသတိုင်းမှာ အင်အားကြီးကြီးနဲ့ ဖြစ်ပျက်နေတယ်။ သက်ရောက်မှုကလည်း တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာတွေ့ရတယ်။ နောက်တစ်ခုကလည်း အများစုမြို့ပေါ်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြုံတွေ့ရတာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စီတန်းလှည့်လည်ခွင့်က ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တင်မကဘဲနဲ့ ဒီလယ်ယာမြေကိစ္စအတွက် တိုက်ပွဲဝင်နေကြတဲ့ လယ်ယာမြေအရေး လှုပ်ရှားသူတွေ ပတ်ဝန်းကျင်မှာလည်း ပုဒ်မ ၁၈ နဲ့ အဖမ်းခံထိတာ ဖြစ်တဲ့အတွက် ဒါဟာလည်း အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ"ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
လယ်သမားများတွင် အမြဲတမ်းအကြောက်တရား လွှမ်းမိုးမှုများ ရှိနေကြောင်း၊ လယ်သမားဆိုပါက နင်းပြားဟု သတ်မှတ်ကာ အုပ်ချုပ်ရေးပိုင်းက နင်းထားသည့်အတွက် ပုံစံခွက်ထဲဝင်ကာ မပြောရဲ မဆိုရဲ ဖြစ်နေကြောင်း၊ အဓိကမှာ အသိစိတ်ဓာတ်ပင်ဖြစ်ပြီး မပြောရဲ မဆိုရဲသည့် ပညာတတ်များကြားတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှာ ရှိနေမည်သာဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယခင်အစိုးရလက်ထက်တွင် စစ်တပ်နှင့် ၀န်ကြီးဌာနများ၊ ခရိုနီကုမ္ပဏီကြီးများ၏ စီမံကိန်းများအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများမှာ မြန်မာနိုင်ငံ အနှံ့အပြားတွင်ရှိခဲ့ပြီး အဆိုပါမြေယာ မူလပိုင်ရှင်များမှ ထွန်တုံးတိုက်ပွဲဆင်နွှဲခြင်း၊ ဆန္ဒပြခြင်းများဖြင့် ပြန်လည်တောင်းဆိုမှုများ ရှိနေသည်။ ယင်းကဲ့သို့ တောင်းဆိုရာတွင် ပါဝင်ကူညီခဲ့သူများနှင့် တောင်းဆိုသူများကိုလည်း ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၌ ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းတွင် ပါဝင်ရမည့် ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးအချို့ကိုယ်တ
*#Aye Chan Mon #*မှ ပြန်လည်မျဝေပါသည်
Credit To:Eleven Media Group
Post a Comment