By ဒီဗွီဘီ
12 December 2013
တရုတ်နိုင်ငံမြောက်ပိုင်း ဟူအန်ဟွာ (Huanghua မြို့က သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရေးစခန်းတခုမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက မီးလောင်ပေါက်ကွဲမှု ဖြစ်လို့ မိသားစု ၄၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနက ဆိုပါတယ်။
Photo by Reuters
Photo by Reuters
မနက် ၁၁ နာရီက စခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုဟာ ညနေ ၇ နာရီထိအောင် မီးလောင်ကျွမ်းနေတုန်းပဲလို့ ဆိုပါတယ်။
ဓာတ်ငွေ့ရည် သိုလှောင်ကန်တခုကနေ အခြားနီးစပ်ရာ ဆီလှောင်ကန်တွေကိုပါ ကူးစက် လောင်ကျွမ်းခဲ့ပြီး ဆီသယ်ယာဉ် ၁၁ စီးလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။
မိသားစု ၄၀၀ ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :DVB
Post a Comment