ဉဏ်လှိုင်လင်း| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ်
လုပ်ငန်းဆောင်တာများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ရေးဆောင်ရွက
“နိုင်ငံတကာ လွှတ်တော်တွေမှာလို လုံခြုံရေးနဲ့ ပရ၀ုဏ်အတွင်း စည်းကမ်းပိုင်းဆိုင်ရာကိစ္စတွေမှ
ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း သတင်းထွက်ပေါ်ခဲ့သည့် လွှတ်တော် ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းရန်စီစဉ်နေသည်ဟူသည့် ကိစ္စကိုမူ ဦးခင်မောင်ဦးက ငြင်းဆိုခဲ့ပြီး “လက်နက် ကိုင်ဆောင်မယ့်အဖွဲ့ မဟုတ်ပါဘူး” ဟု ပြောသည်။
အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်အချို့ကမူ လက်ရှိလွှတ်တော်တွင်း တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းတပ်ဖွဲ့၊ တပ်မတော်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ တို့၏ လုပ်ငန်းဆောင်တာများအပေါ် မေးခွန်းထုတ်ရန်ရှိသည်ဟု မဇ္ဈိမကို သုံးသပ်ပြောကြားသည်။
“လွှတ်တော်ထဲက ဆောင်ရွက်မှုတွေကို သူတို့က အချိန်တိုင်း သတင်းပို့နေတာ။ တပ်မတော်သားတွေ ဆိုလည်း စ.ရ.ဖ က စောင့်ကြည့်နေတာမျိုးဆိုတော့ လွှတ်တော်ရဲ့ လွတ်လပ်စွာပြောဆို ဆွေးနွေးမှု တွေကို အဟန့်အတားပြု သလိုဖြစ်နေတယ်” ဟု ၎င်းတို့ထဲမှ တစ်ဦးက ဆိုသည်။
နေပြည်တော်ရှိ လွှတ်တော်ပရ၀ုဏ်အတွင်း လူဝင်လူထွက်စိစစ်ခြင်းနှင့် စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စများ ကိုပင် လက်ရှိ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တို့ တာဝန် ယူဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က ဆိုသည်။
ထို့ကြောင့် လွှတ်တော်တွင်း လုပ်ငန်းဆောင်တာနှင့် ဆွေးနွေးမှုများ လွတ်လပ် ပွင့်လင်းဆောင်ရွက်နိုင် ခွင့်ကို ထိခိုက်သည်ဟု ၎င်းတို့က ယူဆနေကြခြင်းဖြစ်သည်။
ယင်းသည် လွှတ်တော်ရုံးဝန်ထမ်း အင်အားနှင့် ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းရေး
ထိုသို့ဖွဲ့စည်းပုံတိုးချဲ့ရာတွ
အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thankhttps://www.facebook.com/
Post a Comment