0


Saturday, December 07, 2013

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် နှင့် လုံခြုံရေး ကိစ္စရပ်များ၊ အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကာလရှည်ကြာ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဂျွန်ကယ်ရီသည် ပါလက်စတိုင်း နိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်ကရောက် ရှိလာခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံအကြား ဇူလိုင်လက ၄င်းကြားဝင် စေ့စပ်ခဲ့သော ငြိမ်းချမ်းရေး ကိစ္စရပ် အတွက် ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပါလက်စတိုင်း တို့၏ နယ်မြေတွင် အစ္စရေးတို့၏ အခြေချအိမ်ရာ တည်ဆောက်မှုနှင့် ပတ်သက်၍ အဘတ်စ်နှင့် ဂျွန်ကယ်ရီတို့၏ ယခင်က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုတွင် လုံခြုံရေး ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဂျွန်ကယ်ရီနှင့် ပါလက်စတိုင်း သမ္မတ တွေ့ဆုံဆွေးနွေး တိုးတက်မှု အလားအလာ တစ်စုံတစ်ရာ မရှိခဲ့ပေ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပါလက်စတိုင်း သမ္မတနှင့် တွေ့ဆုံပြီးနောက် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ အနာဂတ်အတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေး ခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်နေစဉ် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိစေရန် အတွက် အကြံဥာဏ် အချို့ကို ဂျွန်ကယ်ရီက ပေးအပ် ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သော်လည်း ၄င်း၏ အကြံပေးချက်များကို ထုတ်ဖော်ကြေညာ ခဲ့ခြင်း မရှိဟု သိရသည်။


အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top