0

မောင်ပိုင်


နေပြည်တော် ၊ ဒီဇင်ဘာ ၁ ။ ။ နိုင်ငံ ခြား သတင်းဌာနလေးခု တို့အား မြန်မာနိုင်ငံတွင် နိုင်ငံခြားသတင်း ဌာန ရုံးခွဲဖွင့်လှစ်ခွင့်ပြု ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၃ဝရက် နံနက်ပိုင်း တွင် ပြန်ကြား ရေးဝန်ကြီးဌာနမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် တာ ဝန်ရှိသူတစ်ဦးက သတင်းထောက် များ အား ပြောကြား ခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား သတင်းဌာန ၂၂ခုမှ မြန်မာနိုင်ငံ သား ဌာနေသတင်းထောက်များ ထားရှိ၍ သတင်းများရယူဆောင် ရွက်လျက်ရှိပြီး အဆိုပါသတင်း ဌာန ၂၂ခုအနက်မှ သက်ဆိုင် ရာ သတင်းဌာနများ ၏လျှောက် ထားချက်အရ နိုင်ငံခြားသတင်း ဌာန ရှစ်ခုဖြစ်သည့် Xinghwa, Kumming Daily, AP, NHK, Kyodo News, CNA, CCTV သတင်းဌာန တို့အား ရန် ကုန်မြို့တွင် သတင်းဌာနရုံးခွဲ ဖွင့်လှစ် ခဲ့ပြီး ဖြစ်ပါကြောင်းပြော ကြားခဲ့သည်။

ယခုခွင့်ပြုခဲ့သော နိုင်ငံ ခြားသတင်းဌာန လေးခုမှာ (၁)Nikkei Shimboun သတင်းဌာန (ဂျပန်နိုင်ငံ)၊ (၂) Reuters သ တင်းဌာန (ဗြိတိန်နိုင်ငံ)၊ (၃)BBC သတင်းဌာန (ဗြိတိန်နိုင်ငံ)၊ (၄)VOA သတင်းဌာန (အမေ ရိကန်နိုင်ငံ)တို့ ဖြစ်ကြောင်း၊ ယ နေ့အထိ မြန်မာနိုင်ငံတွင် နိုင်ငံ ခြားသတင်း ဌာန ရုံးခွဲ ဖွင့်လှစ်ခွင့် ပြုထားသည့် အရေအတွက်မှာ ၁၂ ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top