0


တောင်ငူ၊ ဒီဇင်ဘာ ၇

ပြည်ထောင်စု လွှတ်တော်က မြို့နယ် တစ်ခုလျှင် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ကျပ်သိန်း ၁၀၀၀ သတ်မှက် လိုက်ခြင်းကြောင့် ပြည်နယ်နင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များက မြို့နယ်အဆင့်လိုက် ယခင်ချထားပေးသော အသုံးစရိတ်များကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။
“ဌာနဆိုင်ရာတွေ အနေနဲ့ တိုင်းဒေသကြီး အစိုးရထံကို တင်ပြလို့ ရပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ် တည်တံ့နေသရွေ့ ချထား ပေးတော့မှာ မဟုက်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကျပ်သိန်း တစ်ထောင်ကို မြို့နယ်အတွင်း နိုင်ငံတော်အဆင့် စီမံကိန်းများတွင် မပါဝင်သည့် ရေရရှိရေး၊ လမ်းတံတား တည်ဆောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် လိုအပ်နေသော ရပ်ကွက်၊ ကျေးရွာ များတွင် အသုံးပြုရမည် ဖြစ်ကြောင်း တောင်ငူမြို့နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှု အကောင်အထည် ဖော်ဆောင်ရေး အဖွဲ့က ပြောကြားသည်။
“သူတို့ ဒီရန်ပုံငွေကို ဘယ်လိုသုံးမလဲ ဆိုတာ စောင့်ကြည့်သွားမှာပါ” ဟု တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးဝင်းထွန်းက သုံးသပ် ပြောကြားသည်။

မြို့နယ် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ငွေကျပ် သိန်းတစ်ထောင်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော လေးလတာ အတွင်း ပြည့်မီအောင် သုံးစွဲခြင်း မရှိပါက ပြည်ထောင်စုလွှတ်တော် ငွေကြေး စီမံခန့်ခွဲမှု ကော်မတီထံ သတ်မှတ်ကာလအတွင်း ပြန်လည် ပေးသွင်း ရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသော စည်းကမ်ချက်များအရ စုံစမ်းသိရှိသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top