0


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်ရေး၊ မဖြစ်ပေါ်ရေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပါဝင်ပတ်သက်မှုမှာ အရေးကြီးသည်ဟု ထင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် တာဝန်ခံ ကိုဂျော်ဂွန်းက The Daily Eleven သို့ ဒီဇင်ဘာ ၇ ရက်က ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်ရေးအတွက် အစိုးရဘက်မှ ကြိုးပမ်းနေပြီး ယခုနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ဖြစ်နိုင်မည်ဟု ထင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းက ပြောကြားထားသည်။

"တိုင်းရင်းသားပေါင်းစုံ မတူညီတဲ့ လူမျိုးတွေအားလုံး စုပေါင်းနေထိုင်ဖို့အတွက် လိုအပ်တဲ့ အခွင့်အရေးပေးတဲ့ဟာက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာ အရမ်းအားနည်းတယ်ဆိုတဲ့ အခါကျတော့ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပါဝင်ပတ်သက်မှုက အင်မတန်အရေးကြီးတယ်"ဟု ကိုဂျော်ဂွန်းက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်တွင် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကမူ ၎င်းတို့၏ မူအဖြစ် ကိုင်စွဲသွားမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ရပ်ကို ရေးဆွဲနေသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးက လက်နက်ကိုင် တော်လှန်သည့် ကိစ္စတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေများက အဓိက အခန်းကဏ္ဍအဖြစ် ပါနေကြောင်း၊ တိုင်းရင်းသားပေါင်းစုံ မတူညီသည့် လူမျိုးများအားလုံး စုပေါင်းနေထိုင်ရန် လိုအပ်သည့် အခွင့်အရေးပေးခြင်းတွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ၌ အလွန်အားနည်းနေကြောင်းလည်း ကိုဂျော်ဂွန်းက ပြောကြားသည်။

ဝန်ကြီး ဦးအောင်မင်းကမူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်ပေါ်ရေးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒမပြင်ဆင်ရသေးမီ ဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့်ကိစ္စမှာ တစ်ဆက်တည်း ပြုလုပ်မည့် နိုင်ငံရေးဆွေး နွေးပွဲကျမှသာ ဆွေးနွေးရမည် ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top