ဒီဇင်ဘာ ၁၀။
ကျူးဗားနိုင်ငံ မြောက်ပိုင်းနှင့် ဖလော်ရီဒါ အရှေ့တောင်ပိုင်းတွင်
တည်ရှိသော ဗဟားမက်စ်မှ တိုက်ဂါးကမ်းခြေတွင် ရေငုပ်သမား
တစ်ဦးသည် တိုက်ဂါးငါးမန်းများကို အကြောက်အလန့်မရှိ လက်ချည်းဗလာသက်သက်ဖြင့် အစာကျွေး နေသည့် ရေအောက်
ဓာတ်ပုံများ ထွက်လာခဲ့သည်။
ရေငုပ်သမား ဗင့်ဆင့်ကာနီဗယ်က ငါးမန်းအစာကျွေးပုံများကို ဓာတ်ပုံဆရာ ဒန်နီရယ်ဘိုတယ်ဟိုက ရိုက်ကူးခဲ့သည်။ ယင်းအလေ့အထသည် ငါးမန်းခရီးသွား အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ငါးမန်းတောင်
ဟင်းချိုကြောင့် သန်းနှင့်ချီ၍ သေဆုံးနေသော ငါးမန်းများ၏ အသက်ဘေးမှ ကာကွယ်နိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်သည်။
ဗဟားမက်စ်တွင် တိုက်ဂါးငါးမန်းများစွာသည် ငါးမန်းတောင်ဟင်းချို
အတွက် အသတ်ခံနေရသည်။ ပုံမှန်အားဖြင့် ငါးမန်းနှင့်ရေငုပ်
သမားတို့သည် ရန်ဘက်များသဖွယ်ဖြစ်သော်လည်း တိုက်ဂါး
ကမ်းခြေတွင် ငါးမန်းများကို အစာကျွေးချိန် သီးသန့်စီစဉ်ကာ တစစ ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်ခဲ့သည်။
ဓာတ်ပုံများတွင် အစာကျွေးချိန်၌ ရောက်လာကြသော ငါးမန်းနှစ်ကောင်၏ ပုံနှင့် လေးမီတာအရှည်ရှိ အန်မာဟုအမည်ပေးထားသော ငါးမန်းမကို ဗင်းဆင့်က အစာကျွေးနေသည့် ဓာတ်ပုံအစစ်အမှန်များကို ရိုက်ကူးထားသည်။
ဓာတ်ပုံများအပေါ် သံသယရှိခဲ့လျှင် အွန်လိုင်းတွင် Botelho meida မှ Daniel Botelho ၏ ဘ၀နှင့် သူရိုက်ကူးထားသော ရေအောက်ဓာတ်ပုံများကို ရှာဖွေကြည့်ရှုနိုင်သည်။
အသက် ၃၂နှစ်အရွယ် ဗင်းဆင့်က ငါးမန်းများ အစာစားချိန်တွင် သူတို့ဟလိုက်သော ပါးစပ်များစွာ အနည်းငယ် ထိတ်လန့်ဖွယ်ရှိကြောင်း၊ ဘရာဇီးနိုင်ငံသား ဗင်းဆင့်က ငါးမန်းအစာကျွေးခြင်းကို သာမန်စိတ်ဖြင့် မလုပ်နိုင်ကြောင်း၊ အစာကျွေးချိန်တွင် ငါးမန်းများအပေါ် အပြန်အလှန်လေးစားမှု ထားရမည်ဖြစ်ပြီး ဖြစ်လာမည့် အန္တရာယ်များကိုလည်း အချိန်ပြည့် သတိဖြင့် စောင့်ကြည့်
နေရမည်ဖြစ်ကြောင်း ဆိုသည်။
ဗဟားမက်စတွင် တိုက်ဂါးငါးမန်း ၉၀ရာခိုင်နှုန်းခန့်သည် ငါးမန်းတောင်ဟင်းချိုကြောင့်း သတ်ဖြတ်ခံခဲ့ရသည်။
၁၉၇၂ခုနှစ်မှ ယနေ့အချိန်အထိ တိုက်ဂါးငါးမန်း ၉၇ရာခိုင်နှုန်း အထိ ကောင်ရေလျော့ကျသွားခဲ့သည်။ ငါးမန်းမျိုးစိတ် ၂၀ခန့်သည် ငါးမန်းတောင်ဟင်းချိုများ လူကြိုက်များလာပြီးနောက်ပိုင်းတွင် တစ်နည်းနည်းဖြင့် အသတ်ခံနေကြရသည်။
Ref: Daily Mail
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:The Myanma Age
Post a Comment