("ရဟန်းကျင့်ဝတ် မစောင့် ထိန်းတဲ့ သူ
အမျိုးဖျက်တဲ့ကောင် ပဲလို့ 
ဘုရားရှင်က မိန့် ကြားတော် မူခဲ့ တယ်" ). .
"သာသနာ ဘယ်မှာတည်"
"မှတ်ထား ...
ယုံကြည်သူတို့ရဲ့ နှလုံးသားမှာ တည်တယ်"
"သာသနာကို တုတ် ဓား လှံ လက်နက်နဲ့ 
စောင့် ရှောက်လို့ မရဘူး။
ရန်ပြုတိုက်ခိုက်ပြီး စောင့် ရှောက်လို့ မရဘူး"
"ဗုဒ္ဓဘာသာမှာ ရန်သူဆိုတာ မရှိဘူး။
အခုဆိုရင် ကိုယ်သာသနာကို
အန္တရာယ်များအောင် ရန်စွယ်များအောင် လုပ်နေကြတယ်"
"အခုဆိုရင် ကမ္ဘာက မြန်မာနိုင်ငံမှာ
အကြမ်းဖက်လိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ
ရှိနေပြီလို့ သတ်မှတ်နေပြီ။
ထိန်းသိမ်း စောင့် ရှောက်ဖို့ လိုလာပြီနော်"
"မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး
ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန်ပြုသည် အထိ
မည်သူ တစ်ဦးတစ်ယောက်ကိုမှ
ရန်ဖြစ်ခြင်း တိုက်ခိုက်ခြင်း မရှိဘူး။
တစ်ပါးသူကို ထိခိုက် ပုတ်ခတ် စော်ကားခြင်း မရှိဘူး။
သစ္စာတရာ စွဲမြဲစေခြင်း
ကိုယ်ကျင့်တရား စောင့် ထိန်းစေခြင်း နဲ့ သာ သာသနာ ပြုတော်မူခဲ့ တာပါ"
"သူတစ်ပါးကို သတ်တာ
သူတစ်ပါး စည်းစိမ်ဥစ္စာကို ဖျက်စီးတာ
ပျက်စီးအောင် လုပ်တာ ရဟန်းမဟုတ်ဘူး။
အဲဒီ့လူတွေကို ဗုဒ္ဓဘာသာဝင် လို့ ကို မပြောနဲ့။
စောင့် ထိန်းရမဲ့  ကျင့်ဝတ်ပျက်ရင်
ဘုရားသားတော် မဟုတ်ဘူး"
"အကျင့်ပျက်နေပေမဲ့ သင်္ကန်းဝတ်မို့ 
တပည့် တော်တို့  မှေးကိုးကွယ်နေမယ်
ကိုးကွယ်ရမယ် လာမလုပ်နဲ့ ။
ရဟန်းအကျင်နဲ့ မညီမှတော့
ဘာကောင်ကြီး ဖြစ်ဖြစ် ကိုးကွယ်စရာ မလိုဘူး"
"ရဟန်းတရား အားထုတ်ပြီး ရဟန်းအလုပ်လုပ်မှ ရဟန်း။
သီလ သမာဓိ ပညာ တွေမှာ ညီညွတ်နေမှ သံဃာ"
"ရဟန်းကျင့်ဝတ် မစောင့် ထိန်းတဲ့ သူ
အမျိုးဖျက်တဲ့ကောင် ပဲလို့ 
ဘုရားရှင်က မိန့် ကြားတော် မူခဲ့ တယ်"
"သဘောပါလား" "ရှင်းလား"
"နားရော နားလည်ရဲ့ လား"
(ဆရာတော် ဥူးသုမဂ်လ)
အေးချမ်းမွန် Credit To >Ko Soe Kyaw Thu< Thankhttps://www.facebook.com/excellencemedia

Post a Comment