သန်းနိုင်ဦး
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ။ ။ သီလဝါ အထူးစီးပွားရေးဇုန်အခြေခံ အ ဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများအတွက် ဂျပန်အစိုးရ မှ မြန်မာအစိုးရထံ ဂျပန်ယန်း ဘီလီယံ၆ဝကို ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါချေးငွေထုတ်ချေး ခြင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် Asean-Japan Summit အ အစည်း အဝေးတွင် နှစ်နိုင်ငံခေါင်းဆောင် များ
လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် သတင်းတစ်ပုဒ် တွင် ဖော်ပြပါရှိသည်။
ယင်းကဲ့သို့ချေးငွေများထုတ် ချေးခြင်းသည် မြန်မာ့ဈေးကွက် အတွင်း ဂျပန်နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ခြင်းနှင့် မြန်မာနိုင်ငံအ ပေါ် တရုတ်နိုင်ငံ၏လွှမ်းမိုးမှုကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အဆို ပါသတင်းဖော်ပြချက်တွင် ဂျပန် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Yangon Media Group
Post a Comment