ပြည်သူများလိုအပ်သည့် ကျန်းမာရေးအာမခံ ပေါ်ပေါက်ရန်အတွက် လုပ်ဆောင်ရာတွင် ကနဦးအနေဖြင့် မြို့နယ်အလိုက် စမ်းသပ်မှုကို ပြုလုပ်မည်ဖြစ်ပြီး ယင်းစမ်းသပ်မှု အောင်မြင်မှသာလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရှိရသည်။
ကျန်းမာရေးအာမခံ ပေါ်ပေါက်ရန်အတွက် ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေးအာမခံနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အာမခံအမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်းမရှိသေးသည့် အာမခံအမျိုးအစားဖြစ်ကာ ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ပုဂ္ဂလိက အာမခံကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်က
" ကျန်းမာရေး အာမခံပေါ်ပေါက်ဖို့က ကနဦးအနေနဲ့ မြို့နယ်အလိုက် စမ်းသပ်မှုကို ပြုလုပ်ရမယ်။ ဥပမာ-စမ်းချောင်းမြို့နယ်တို့၊ မရမ်းကုန်းမြို့နယ်တို့ပေါ့။ အဲလိုလုပ်တဲ့အခါမှာ အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာ ကြည့်ရမယ်။ တကယ်လို့ အောင်မြင်တယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆောင်ရွက်သွားမယ်"
ကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်ရန်အတွက် ဆောင်ရွက်ရာတွင် လူတန်းစားမရွေး ၀ယ်ယူနိုင်ရန်အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း
အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသက်အာမခံနှင့် ကျန်းမာရေး အာမခံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး အဆိုပါအာမခံ အမျိုးအစားများ အောင်မြင်ပါက ကျန်ရှိသည့် အာမခံဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံကုမ္ပဏီ၏ senior vice president & regional executive Mr.Indren Naidoo က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံအမျိုးအစားကိုသာ ရောင်းချပေးလျှက်ရှိပြီး မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ နှစ်သိန်းနှစ်သောင်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နှစ်သိန်းသုံးသောင်းကျော် ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/
Post a Comment