0


အဲလိုတော့ ကျွန်မ မထင်ပါဘူး။ ဒါပေမဲ့ မိန်းကလေးတွေအတွက် ဘ၀လုံခြုံမှုအပေးနိုင်ဆုံးနိုင်ငံတွေထဲလည်း မပါဘူး။ အလယ်အလတ်လို့ ပြောနိုင်မလားမသိဘူး။ မိန်းကလေးတွေ ဘ၀လုံခြုံမှုဆိုတာမှာ စီးပွားရေးလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လူမှုရေးလုံခြုံမှု၊ ပညာရေးလုံခြုံမှု လုံခြုံမှုအမျိုးမျိုး ပါဝင်ပတ်သက်တာကို ဆိုလိုပါတယ်။ အဲဒီလို လုံခြုံမှုအရှိဆုံးနိုင်ငံတွေကတော့ အနောက်ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနိုင်ငံတွေလို့ သိရပါတယ်။ လုံခြုံမှု အနည်းဆုံးနိုင်ငံတွေကတော့ အာဖရိကနိုင်ငံတွေ များပါတယ်။ အဲဒီနိုင်ငံတွေမှာတော့ ကိုယ့်အသိုင်းအ၀ိုင်းကကိုပဲ မိန်းကလေးတွေအတွက် ခွဲခြားနှိမ်ချတဲ့အလေ့အထရှိတာမို့ အန္တရာယ်သိပ်ကြီးပါတယ်။ ဥပမာ မိန်းကလေးတွေ အရွယ်မ ရောက်မီ မိန်းမလိင်အင်္ဂါကို ဖြတ်တောက်ပစ်တဲ့အလေ့အထမျိုး။ ဥပဒေအရ ဒီဓလေ့ထုံးတမ်းအပြုအမူကို တားမြစ်ထားပေမယ့် ရပ်ကွက်ထဲမှာ၊ ရွာထဲမှာ ပြုမူဆောင်ရွက်နေတုန်းပဲ။ လူ့အဖွဲ့အစည်းကိုယ်တိုင်က မိန်းကလေးတွေကို ဓလေ့ထုံးတမ်းတွေနဲ့ အန္တရာယ်ပြုမိနေတာလို့ ကျွန်မမြင်မိတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလောက် ဆိုးရွားတဲ့ဓလေ့ထုံးတမ်း မရှိခဲ့ပါဘူး။

အေးချမ်းပါစေ မိန်းကလေးရေ
ဂျူး
Eternal Light Magazine
December 2013

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Eternal Light Magazine
https://www.facebook.com/excellencemedia
2

Post a Comment

 
Top