0


ဒီဇင်ဘာ ၇။

ဒီဇင်ဘာလ ၅ရက်က ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏် အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး၊ လူ့အခွင့်အရေး တိုးတက်မြင့်မားရေးများအတွက် စံပြတစ်ဦးဖြစ်သူ တောင်အာဖရိက
ခေါင်းဆောင် နယ်လ်စင်မင်မဲလား အသက် ၉၅နှစ်သည် အဆုတ်တွင် ရောဂါပိုး တစ်ကျော့ပြန် ၀င်ရောက်ကာ
ကွယ်လွန်သွားခဲ့သည်။

မစ္စတာ မင်ဒဲလား ကွယ်လွန်ခြင်းသည် ကမ္ဘာ့တစ်ဝန်းလုံးရှိ လူ့အခွင့်အရေးကိုလိုလားသူတိုင်းအတွက် ကြေကွဲဖွယ် နေ့ရက်
ဖြစ်လာခဲ့သည်။ မစ္စတာမင်ဒဲလား ကွယ်လွန်ခြင်းကို
ကြေကွဲဝမ်းနည်းရကြောင်းကို နိုင်ငံအများအပြားမှ ခေါင်းဆောင်များ၊ အဖွဲ့အစည်း အသီးသီးမှ ဦးဆောင်သူများက စိတ်ရင်းဖြင့် လိုလိုချင်ချင် တုန့်ပြန်ဖွင့်ဟကြချိန်တွင် ကမ္ဘာ့ အင်အားကြီးနိုင်ငံ အချို့ဖြစ်သော အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့က နိုင်ငံတော်အလံများကို တိုင်တစ်ဝက် လွှင့်ထူခြင်းဖြင့် ၀မ်းနည်း ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတော်အလံသည် သက်ဆိုင်ရာ နိုင်ငံမှ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်
တစ်ဦးဦး ကွယ်လွန်အနိစ္စ ရောက်ချိန်၊ ဆိုးရွားသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်ချိန်နှင့် အဖိတ်အဆင်များသော အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် တိုင်တစ်ဝက် လွှင့်ထူခြင်းဖြင့် ၀မ်းနည်းကြောင်း သရုပ်ကို ဖော်လေ့ရှိကြသည်။

ယခုအခါ တောင်အာဖရိက ခေါင်းဆောင်အတွက် နိုင်ငံကြီးအချို့က မိမိတို့၏ နိုင်ငံတော်အလံကို တိုင်တစ်ဝက် လွှင့်ထူလိုက်ခြင်းသည်
တောင်အာ ဖရိက သမ္မတဟောင်း နယ်လ်စင်မင်ဒဲလားသည် ကမ္ဘာ့တစ်ဝန်းလုံး၏ ကြည်ညိုလေးစားမှုကို ခံယူနိုင်သော ပုဂ္ဂိုဟ်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းသစ် အခိုင်အမာ ရေးထိုးပေးလိုက်ခြင်းပင် ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မစ္စတာမင်ဒဲလား ကွယ်လွန်သွားသည့်အတွက် သူ၏မိသားစုနှင့် တောင်အာဖရိကနှင့် အာဖရိက တစ်ခွင်မှ ပြည်သူများသို့ လေးနက်စွာကရုဏာသက်မိကြောင်း ၀မ်းနည်းစကားဆိုခဲ့သည်။ နယ်လ်စင်မင်ဒဲလားသည် တရားမျှတမှုနှင့် လူသားတို့စိတ်နှလုံးသိမ်မွေ့ရေးအတွက် အလွန်စွမ်းရည်
သတ္တိကြီးမားသူ ဖြစ်ကြောင်း သူက ဆိုသည်။

အမေရိကန်သမ္မတ ဘားရက်ဒ်အိုဘားမားက ယုံကြည်ချက်အတွက် လူတကာ တက်စွမ်းနို်င်သည်ထက် ပိုမိုစွမ်းဆောင် နိုင်စွမ်းရှိသော ပုဂ္ဂိုဟ်ကြီးဟု ရည်ညွန်းဂုဏ်ပြုကာ ၀မ်းနည်းကြောင်းဆိုထားသည်။

တောင်အာဖရိက အစိုးရက သမ္မတဟောင်း မင်ဒဲလားကို ချစ်မြတ်နိုးစွာဖြင့် နိုင်ငံတော်ဈာပနအခမ်းအနားကို ညီညီညွတ်ညွတ် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

Ref: AFP, AP

အေးချမ်းမွန် Credit To >The Myanma Age < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top