0

နိုင်နိုင်ဇော် ၊ အောင်သူ

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။ ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီတာလျံ- ထိုင်းကုမ္ပဏီ၏ ရင်းနှီးငွေကြေး များအား နိုင်ငံတကာစာရင်းစစ် အဖွဲ့အစည်း များဖြင့် ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ထား ဝယ်အထူးစီးပွားရေးဇုန် တည် ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေး မြင့်က ပြောသည်။

ဒီဇင်ဘာ၂ရက်က မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး၌ ပြု လုပ်သော ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ဆက်စပ်စီမံကိန်းလုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ယင်း က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွား ရေးဇုန်တည်ဆောက်ရေးအထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင် စုဝန်ကြီးဦးအေးမြင့်က ''ထား ဝယ်စီမံကိန်းက နိုင်ငံတကာစီမံ ကိန်းတစ်ခုဖြစ်တဲ့အတွက် အီ တာလျံ-ထိုင်း ကုမ္ပဏီတစ်ခုတည်း နဲ့ အကောင်အထည်ဖော်နိုင်တာ မဟုတ်ဘူး။ နိုင်ငံတကာကုမ္ပဏီ တွေနဲ့ ဆက်ပြီး လုပ်ကိုင်မယ်ဆို ရင် လက်ရှိဒီစီမံကိန်းမှာ ကနဦး လုပ်နေသူရဲ့ ရင်းနှီးငွေကြေးကို အတိအကျမသိရင် ဘယ်သူမှလာ လုပ်မှာမဟုတ် တဲ့အတွက် နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းအတိုင်း စာရင်းစစ်သွားမှာပါ''ဟု ဆိုသည်။

လူဦးရေ ၁၃သိန်းဝန်းကျင် သာရှိသည့် တနင်္သာရီတိုင်း ထား ဝယ် ခရိုင် ရေဖြူမြို့နယ်၏ ၁၉၆ စတုရန်းကီလိုမီတာပေါ်တွင် နှစ် ပေါင်း ၇၅ နှစ်ကြာအချိန်ယူတည် ဆောက်နေသည့် ထားဝယ်ရေ နက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်စီမံကိန်းမှာ ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ တို့ကို ဖြတ်ကျော်ကာ ထားဝယ်ရေနက် ဆိပ်ကမ်းတွင် အဆုံးသတ် မည့် တောင် ပိုင်း စီးပွားရေးလမ်းမ ကြီးနှင့် အိန္ဒိယနှင့်အရှေ့အလယ် ပိုင်းဒေ သနှင့် စင်ကာပူ-ကူမင်း ရထားလမ်းတို့နှင့်ပါ ချိတ်ဆက် ထားသည့်အတွက် အဆိုပါစီမံ ကိန်းပြီးစီးပါက ဒေသတွင်းနိုင်ငံ များကြား အရေးပါဆုံး စီမံကိန်း ဖြစ်သည်ဟုဆိုသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/kNOOSO

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top