0

ကျွန်တော်တို့နိုင်ငံအတွင်းမှာ အစဉ်အဆက်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ များသောအားဖြင့် ဘယ်သူတွေက လုပ်ခဲ့တာလဲ?????
ဒီဇင်ဘာ၇-ရက် မိကျောင်းကန်သပိတ်စခန်းကို မြိုတော်စည်ပင်တပ်မှ ဝင်ရောက်ရိုက်နှက်ကြသောကြောင့် မနက်၁၂နာရီကျော်တွင် လူကိုးဦး ဒ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဇင်ဘာ၇ရက့်နေလည်က မိကျောင်းကန် သပိတ်စခန်းတွင် ဒဏ်ရာရရှိသူ ၈-ဦးအား ကိုကျော်သူဦးဆောင်သော ရန်ကုန်နာရေးကူညီမှု့ကားဖြင့် သင်္ယန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ခဲ့ကြပါတယ်။
အစိုးရ လက်ကိုင်တုတ်များ ဖြစ်ကြသော စွမ်းအားရှင် ပြည်သူစစ် ကြံ့ဖွတ်တွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အဓိကအခန်းကဏ္ဍကနေပြီးပါဝင်ပါတ်သက်ခဲ့ကြပါတယ်။အခုလဲလာပြန်ပါပြီ…..မြို့တော်စည်ပင်တပ်တဲ့….နံပါတ်ဒုတ်တွေကိုင်ပြီး…အရက်မူးနေတဲ့မျက်နှာတွေနဲ့…မျက်နှာတွေကနီရဲလို့…ပုံမှန်မဟုတ်တဲ့သူတွေ။အသင်းဝင်ဒေသခံတွေကိုအသုံးချပြီးမသမာသောနိုင်ငံရေးအောက်လမ်းနည်းတွေကိုအသုံးချပြီးနည်းအမျိုးမျိုးဖြင့်အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေကြတာကို…သက်ဆိုင်ရာတွေကလက်ပိုက်ကြည့်နေကြတာအံ့သြလို့မဆုံးပါဘူး။အသင်းဝင်ဒေသခံတွေကိုအသုံးချပြီးမသမာသောနိုင်ငံရေးအောက်လမ်းနည်းတွေကိုအသုံးချ ပြီး နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နေတာတွေဟာ သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည်ဟု ကြွေးကြော်နေပြီး ရဲတွေရဲ့ စရိုက်က တော့ကူညီပါရစေဆိုပြီးအပြောနဲ့ အလုပ်က တခြား၊ ပါးစပ်ကသာ ချိုမိုင်မိုင်၊ နောက်ကွယ်ကနေ လက်သီးတပြင်ပြင်နဲ့။ ရှေ့ကလျှောက်ပါဆိုလျှင် ချီးပေါက်တတ်ပြီး နောက်မှ လိုက်ပါဆိုလျှင် ဖိနပ်တက်နင်းတတ်တဲ့ အကျင့်စရိုက်တွေကိုဘဲတွေ့နေရပါတယ်။ လူငယ်တွေကို ဒေသခံလူထုအပေါ် သြဇာအဏာရှိသူများ အကြမ်းဘက်လုပ်ရပ်များအတွက် အပြစ်မရှိသူများ ဟု အထင်ရောက်စေရန် စိတ်ကြီးဝင်နေသူများအဖြစ် သွတ်သွင်းခဲ့ပြီး အာဏာပိုင်များက အကြမ်းဖက် ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင်အကြမ်းဖက်ရိုက်နှက်မှုမှာပါဝင်ခဲ့တဲ့သူတွေကို တစုံတရာ အရေးယူခြင်းမရှိဘဲ အဖြစ်မှန်တွေကို လိမ်လည်ခဲ့တာတွေ အဲဒီဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် အာဏာပိုင်များမှ ကြိုတင်စီစဉ်ပြီး စနစ်တကျ လုပ်ကိုင်နေကြတယ်ဆိုတာ အထင်အရှားပြသနေပါတယ်။အမာခံလက်ရွေးစင်များ ထောင်ထွက်များ လူဆိုးလူမိုက်များ ချဲရောင်းသူများ အရက်ပုန်းရောင်းသူများ လောင်းကစားဒိုင်ကိုင်သူများ ဇိမ်ခန်းထောင်စားသူများနှင့် လူပေလူတေများ ကျဘမ်းအလုပ်ကြမ်းသမားတွေ အလုပ်လက်မဲ့တွေ ကို နေ့စားငှားရမ်းပြီး ပြည်သူလူထုခြင်း တန်ပြန်တိုက်ခိုက်နည်းကို အသုံးချခဲ့တာပဲဖြစ်ပါတယ်။တခါတလေ လူမှုရေးရာ ကိစ္စတွေမှာ . မတူတဲ့ "ဘက်" တွေနှင့် ရပ်တည်မှုတွေ ရှိနေကြတဲ့အတွက် လူမှုအသိုင်းအဝိုင်းအတွင်း ... ရင်ဆိုင်ရလာမယ့် ပိုကြီးမားတဲ့ အခက်အခဲတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူထု သိအောင် ဆွေးနွေးချပြပြီး တူညီတဲ့ အကျိုးအမြတ်တစ်ခုအဖြစ် ဖြေရှင်းသင့်ပါတယ်။ ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်" နဲ့ "အကြမ်းဖက်ခွင့်" ကို ခွဲခြားနားလည် နိုင်ရပါမယ်။ဥပဒေအရ မှန်နေရင်တောင် ဘယ်အကြောင်းပြချက်နဲ့မှ လက်ခံလို့မရပါ။ လူသားမဆန်တဲ့ ရိုင်းစိုင်းမူတွေ သာ ဖြစ်ပါတယ်။အကြမ်းဖက်မှုများ ဆိုတာ လူ့အခွင့်အရေးချိုးဖေါက်မှုများ နှင့် လာဒ်ပေးလာဒ်ယူမှုများ ပိုမိုလာစေရန် တွန်းအားပေးနေ သကဲ့သို့ဖြစ်နေပါတယ်။ ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။လယ်ယာမြေ မတရား သိမ်းကျုံးယူနေတဲ့ မြေစာရင်းရုံး ဝန်ထမ်းများ၊ ပြည်သူ့ သွေးစုပ်ဖုတ်ကောင် ရဲဝန်ထမ်းများ၊ ယူနီဖောင်းကို အရေခွံ ခြုံထားတဲ့ ဒုစရိုက်သားကောင် ကြံ့ဖွံ့စစ်သားများကအစ ရိုက်စား၊ လိမ်စား၊ ခြိမ်းချောက် ဥပဒေကို ပုဒ်မ အမျိုးမျိုးတပ် ကျွန်တော်တို့ ပြည်သူတွေက ဥပဒေဆိုတာ နှစ်ပေါင်း (၅ဝ) ကျော်လောက် အကျိုးမပေး၊ မကာကွယ်နိုင်တာကြောင့် ဘယ်ဥပဒေကိုမှ နားမလည်နိုင်ကြတာ အမှန်ပါ။ဲအာဏာရှင်တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ သူတို့အလိုတော်ကျ ကပြအသုံးတော်ခံပေးမဲ့လူတန်းစားတရပ်ကို မွေးမြူပြီး
အဲဒီလူတန်းစားတွေကဘဲ အဲဒီလူ့အဖွဲ့အစည်းကို ပြန်လည် နှိတ်ကွပ်မဲ့ ယန္တရား တစ်ခုအဖြစ်ဖန်တီးထားခြင်းပါဘဲ။ ဒီလိုနဲ့ဘဲ အာဏာရှင်စနစ်ဟာ အမြစ်တွယ်ညိပြီး အာဏာရှင်စက်ဝန်းထဲမှာ သံသယာလည်နေရပြန်ပါတယ်။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် (၂၀) ဘာမှ မပြောင်းလဲနိုင်သေးဘူး။ လူသာပြောင်းသွားမယ် အာဏာရှင်ပုံစံ မပြောင်းနိုင်ဘူးဆိုတာ မမေ့ကြပါနဲ့။ မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားစေရန် ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပါပြီ။ ဒါကိုကြည့်ရင် သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ တကယ် အမိမြန်မာနိုင်ငံတော်ကြီးကို ကောင်းစားတာ မြင်လိုချင်ရင် ကျွန်တော်တို့အချင်းချင်း အပြန်အလှန် အပြစ်မပြောကြဘဲ ညီညီညွတ်ညွတ်နဲ့ “ဘုံရန်သူ” အာဏာရှင် တွေကိုသာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာအစိုးရ အဆက်ဆက် ပြစ်မှုကျူးလွန်နေမှုတွေကို လာရောက် စစ်ဆေးခွင့်ရဖို့ ဝိုင်းဝန်းဆော်သြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ယူနီဖောင်းဝတ်ဘဲ အုပ်ချုပ် အုပ်ချုပ် အရပ်ဝတ်ဘဲ အုပ်ချုပ် အုပ်ချုပ် စစ်အာဏာရှင် စနစ်ဘဲဖြစ်သလို ရဟန်း ပြည်သူများလည်း ဒုက္ခမျိုးစုံ ကြုံနေဆဲဖြစ်သလို ရှေ့ဆက်ပြီးလည်း ကြုံနေရဦးမှာပါဘဲ။
၂၀၀၃ခုနှစ် မေ၃၀ ဒီပဲရင်းလုပ်ကြံမှုကတော့ လူသိထင်ရှားပင်ဖြစ်ပါတယ် ထိုတိုက်ခိုက်မှုမှာ ကြံ့ဖွတ် အသင်းမှ တိုက်ရိုက်ပါတ်သက် နေရုံမျှမက ရွားသားများ ငွေကြေးထောက်ပံ့ခြင်း သင်တန်းများပေးခြင်း အခင်းဖြစ်ပွားပြီးနောက် ဆက်လက်စုံစမ်းရာ ကြိုတင်စီစဉ်ထားသည့် လုပ်ကြံမှု ဖြစ်ပြီး ပြည်သူစစ်များ စွမ်းအားရှင်တို့ကို ကိုင်ဆောင်အသုံးပြုသော လက်နက်များကို စနစ်တကျ ရွေးချယ်ခဲ့ခြင်း တိုက်ခိုက်မည့် နေရာ အချိန်ကာလ အားစနစ်တကျပြင်ဆင်ခဲ့ခြင်း လူအင်အား ငါးထောင်ခန့်အား တိုက်ခိုက်မှုကျူးလွန်ရန်အတွက် စနစ်တကျ စည်းရုံးထားခြင်း တိုက်ခိုက်ခြေမှုန်းသည့်နည်းစနစ်များ အမိန့်ပေးစနစ်များ ဒါဏ်ရာရရှိသူများနှင့် မျက်မြင်သက်သေများအား ဖမ်းဆီးထိန်းသိမ်းခြင်း တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာအား ချက်ခြင်းပြန်လည်ပြင်ဆင်၍ သက်သေအထောက်အထားများအား စနစ်တကျဖျက်ဆီးခဲ့ခြင်း တိုက်ခိုက်မှုများအား ပြန်လည်သုံးသပ်ကြည့်ပါကစနစ်တကျကြိုတင်စီစဉ်မှုမှာထင်ရှားလှပါတယ်။တစ်ခါခံရရင်သူတို့အပြစ်…နှစ်ခါခံရရင်လဲသူတို့အပြစ်ဘဲထားပါအုံး…သုံးခါဆိုရင်တော့…သူတို့အလွန်မဟုတ်တော့ဘူးလို့ထင်ပါတယ်။ကိုယ်တွေညံ့လို့ပါ။ မတရားသောနည်း လမ်းမျိုးစုံတို့ ဖြင့် အနာဂတ် နိုင်ငံတော်တွင် ၎င်းတို့ စိတ်တိုင်းကျ ခြယ်လှယ်နှိုင်မည့် အမည်ခံ အရပ်သား အစိုးရ ထပ်မံ မပေါ်ပေါက်ရေးသည် ပြည်သူလူထုတရပ်လုံး၏ တာဝန်သာဖြစ်ပါတယ်။

ဇော်ဝမ်းမောင်….။

အေးချမ်းမွန် Credit To >Zaw Wonn Maung< Thankhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top