Saturday, December 7, 2013
တစ်ချိန်က တောင်အာဖရိက ခေါင်းဆောင် နယ်စင်မင်ဒဲလား
ရရှိခဲ့ဖူးသော ကုလသမဂ္ဂ လူအခွင့်အရေးဆုကို ယခုနှစ် ၂၀၁၃အတွက် ပါကစ္စတန်သူ မာလာလာမှ ရရှိသွားခဲ့သည်/ မာလာလာသည် ပါကစ္စတန်တွင် အမျိုးသမီးများ ပညာသင် ကြားခွင့်နှင့် ခွဲခြားဆက်ဆံမှုများတိုက်ဖျက်ရေးတွင် လှုပ်ရှားတက်ကြွသူ
တစ်ဦးဖြစ်ခဲ့ပြီး လွန်ခဲ့သော နှစ်က တာလီဘန်တို့၏ လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာရကာ သေမင်းနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
ယခုဆုသည် ငါးနှစ်တစ်ကြိမ် ပေးအပ်လျက်ရှိရာ နောက်ဆုံး ရရှိခဲ့ဖူးသူများထဲတွင်ာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ရရှိခဲ့ဖူးသည်။
လူ့အခွင့်အရေးမဟာမင်းကြီးရုံးမှ (OHCHR) မှ ကြေညာချက်တွင် ကုလသမဂ္ဂ၏ လူအခွင့်အရေးဆုသည် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် လူထုသိမှတ်လက်ခံလာနိုင်သည်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်သူတစ်ဦးအတွက် သာမက ကမ္ဘာတစ်ဝန်းလုံးရှိ လူ့အခွင့်အရေး ကာကွယ်သူများကို နိုင်ငံတကာ အသိုင်းအ၀န်းက ၀ိုင်းဝန်းချီးမြှောက်လေ့ရှိသာ ပြယုပ်ကို ပြသခြင်း ဖြင့်လည်းကောင်း၊ လူအခွင့်အရေးအတွက် မနားမနေကျိုးပမ်းနေသည်သူများ၏ လုပ်ရပ်ကို ထောက်ခံသော အားဖြင့်လည်းကောင်း ပေးအပ်ချီးမြှင့်ခြင်း
ဖြစ်ကြောင်း ရေးသားထားသည်။
ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ရက်တွင် ကျင်းပမည့် လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြုလုပ်မည်ဖြစ်ပြီး၊ OHCHR တည်ထောင်ခြင်း နှစ်၂၀ပြည့်အခမ်းအနား၏ တစိတ်တစ်ပိုင်းအဖြစ်လည်း ဆောင်ရွက်မည်ဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နေဗီပိုင်လီက လူ့အခွင့်အရေး
ကဏ္ဍသည် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များ အားလုံးတွင် တစ်ထောင့်တစ်နေရာက အမြဲပါဝင်နေသော အခန်းကဏ္ဍဖြစ်ပြီး
နိုင်ငံတကာ အသိုင်းအ၀န်းနှင့် နိုင်ငံ အသီးသီးရှိ အာဏာပိုင်များက ကုလသမဂ္ဂလုပ်ငန်းစဉ်များတွင် အခြေခံကျသော အပြောင်းအလဲများဖြင့် ကိုင်တွယ်ဖြေရှင်း နေရသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်းဆိုသည်။
ကမ္ဘာပေါ်တွင် လူအခွင့်အရေး၏ စစ်မှန်သော အသီးအပွင့်၏
အရသာကို ခံစားနိုင်ရန် ဥပဒေများ၊ စံချိန်စံညွန်းများနှင့် အကျိုးရှိရှိ လုပ်ဆောင်နိုင်ပြီဖြစ်သော်လည်း အချို့သော နိုင်ငံများတွင် နိုင်ငံရေး၊ စီပွားရေးနှင့် လူသားအရင်းအမြစ် သဘာဝနှင့် ဘာသာရေးဆိုင်ရာ အစွန်းရောက်မှုများကြောင့် လူ့အခွင့်အရေး၏ စစ်မှန်သော အနှစ်သာရကို တစ်ကမ္ဘာလုံး တွင် တန်တူး ရယူခံစားနိုင်ခွင့် အပြည့်အ၀ မရှိသေးကြောင်း သူမက ဆိုသည်။
Ref: AP
The Myanma Age
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.