0


Created on Saturday, 30 November 2013 18:21

မြန်မာ့ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာ၌ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ရှစ်လတာ ကာလအတွင်း မက်ထရစ်တန်ချိန် နှစ်သိန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိထားကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ ပုံမှန်ကုန်သွယ် တင်ပို့မှု အနေဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာနှစ် တစ်နှစ်လုံး၌ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ်၏ ရှစ်လတာ ကာလတွင် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိထားကြောင်း သတင်းအချက်အလက် များအရ သိရသည်။

ထို့အပြင် ရေထွက်ကုန်များကို နယ်စပ်ကုန်သွယ် တင်ပို့အနေဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာရေးနှစ်၌ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားကြောင်း သိရပြီး လက်ရှိ ဘဏ္ဍာရေးနှစ်၏ ရှစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း သိသည်။

ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ပုံမှန်ကုန်သွယ် တင်ပို့မှုဖြင့် တင်ပို့ရာ၌ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၉၆၀၀၀ ကျော် တင်ပို့ထားနိုင်ပြီး နယ်စပ်ကုန်သွယ် တင်ပို့မှုမှာ မက်ထရစ်တန်ချိန် ၁၁၀၀၀၀ ကျော် တင်ပို့ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာ၌ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာရေးနှစ်၏ ရှစ်လတာ ကာလတွင် ပို့ကုန်ဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိထားကြောင်း သတင်းအချက် အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော် ရရှိခဲ့ပြီး အများဆုံး ပို့ကုန်ဝင်ငွေ ရရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ရေချိုငါး တင်ပို့မှု ပို့ကုန်ဝင်ငွေ ရရှိမှု နည်းပါးနေပြီး ငါးရှဥ့်နှင့် ကဏန်းတင်ပို့မှုတို့မှ ပို့ကုန်ဝင်ငွေ အများဆုံး ရရှိထားကြောင်း သိရသည်။

ပြည်ပတင်ပို့မည့် ရေထွက်ကုန်များအား ပြုပြင်ထုတ်လုပ် နေသည်ကို တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top