0

ဥပမာဗျာ.. ယာဉ်တိုက်မှုဖြစ်ရင် တိုက်တဲ့ ဒရိုင်ဘာကို ၀ိုင်းရိုက်ကြတာမျိုး။ ထိုးနှက်ကြတာမျိုးတွေဗျာ.. ဒါက နေရာတိုင်းမှာ အလေ့အထကြီးတစ်ခုလို ဖြစ်နေတယ်၊ တကယ်လို့ ကူညီကြမယ်ဆိုရင်တောင် ယာဉ်တိုက်မှုဖြစ်ရင် ကားသမားကို ထွက်မပြေးအောင် ဖမ်းချုပ်ထားလိုက်ဗျာ ပြီးရင် ရဲစခန်းနဲ့ ဆေးရုံကို ဖုန်းခေါ်ပေါ့၊ အဲသလိုမဟုတ်တော့ ယာဉ်တိုက်မှုဖြစ်ရင် အဖမ်းခံရမှာထက် အရင်အရိုက်ခံရမှာကြောင့်လို့ ထွက်ပြေးတဲ့ ကားသမားတွေကြောင့် အတိုက်ခံရသူအတွက် တစ်ခါတရံ နစ်နာမှု (မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ) ဖြစ်ရတယ်၊

နောက်တစ်ခုက ယာဉ်တိုက်မှုဖြစ်တဲ့အခါ တစ်ခါထဲ သေသွားရင်တော့ တစ်မျိုးပေါ့၊ မသေသေးတဲ့ ကာယကံရှင်ကို ဆေးရုံမပို့နိုင်ဘဲ ရဲလာအောင် စောင့်ရတာမျိုး၊ တကယ်လို့ ဆေးရုံ ပို့လို့ရတယ်ဆိုရင်တောင် ရဲလာအောင် စောင့်ရတာမျိုးရှိတဲ့အတွက (ရဲမှုခင်း ဖြစ်တဲ့အတွက်) လူနာဟာ မသေသင့်ဘဲ သေရတာတွေ အများကြီးပဲ၊

ဒါတွေကို အစိုးရအနေနဲ့ရော ဥပဒေအဖွဲ့အစည်းအနေနဲ့ရော.. ဘယ်လို ဖြေရှင်းပေးကြမလဲဗျ၊

အေးချမ်းမွန် Credit To >Iris Zayaroo < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top