0

ဒီဗွီဘီ

အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်တဲ့နေရာမှာ ဒီမိုကရေစီအရေးကို နှောင့်နှေးစေတဲ့ အစွန်းနဲ့ မြန်ဆန်းလွန်းတဲ့ အစွန်းနှစ်ပါးကို ရှောင်ရှားပြီး လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

သမ္မတအနေနဲ့ ဒီဇင်ဘာလအတွက် ပြည်သူလူထုကို ရေဒီယိုကနေ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒါ့အပြင် ဖွဲ့စည်းပုံ ပြင် ဆင်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ လက်ရှိ နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အားဖြည့်ရာ ရောက်စေမယ့် ချဉ်းကပ်မှုမျိုး ရှိဖို့လို တယ်လို့ ပြောပါတယ်။
http://burmese.dvb.no/archives/47366

အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top