0

၁၃.၁၂.၂၀၁၃၊ သောကြာနေ့

တန်ဖိုးကြီးမားသည့် မြန်နှုန်းမြင့် ပြိုင်ကားများ ထုတ်လုပ်သော အီတလီနိုင်ငံ အခြေစိုက် လမ်ဘော်ဂနီကုမ္ပဏီထုတ် Lamborghini Aventador ကား အမျိုးအစား တစ်စီးနှင့် Lamborghini Gallardo ကားအမျိုးအစား နှစ်စီးမှာ စင်ကာပူနိုင်ငံမှ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ကျင်းပသော ကားပြပွဲတစ်ခုသို့အသွား လမ်းခရီးတွင် တစ်နာရီလျှင် မိုင် ခုနစ်ဆယ်နှုန်းဖြင့် မောင်းနှင်နေစဉ်အတွင်း တစ်စီးနှင့်တစ်စီး ဆင့်တိုက်မိကာ မီးလောင် ပျက်စီးခဲ့ရကြောင်း NBC သတင်းဌာနအား ကိုးကား၍ ဒီဇင်ဘာ ၇ ရက်က ‘Dailymail သတင်းစာ’ က ရေးသားခဲ့သည်။

အဆိုပါ ကားသုံးစီး၏ စုစုပေါင်း တန်ဖိုးမှာ ပေါင် ခြောက် သိန်းခွဲဝန်းကျင်ရှိပြီး သမိုင်း တစ်လျှောက် တန်ဖိုး အကြီးမားဆုံး ကားတိုက်မှုတစ်ခု ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့၊ မလေးရှားစံတော်ချိန် နံနက် ၉ နာရီ ၅၅ မိနစ်က မြို့တော် ကွာလာလမ်ပူမှ ၃၅ မိုင်အကွာ ဆီရမ်ဘန်း ဒေသအနီးရှိ မြောက်မှ တောင်သို့ ဆက်သွယ်ဖောက်လုပ်ထားသော အဝေးပြေး လမ်းမ တစ်ခုပေါ်တွင် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ကံကောင်း ထောက်မစွာဖြင့် ယာဉ်မောင်းသူများနှင့် လိုက်ပါစီးနင်းလာသည့် ခရီးသည် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာ မရရှိခဲ့ဟု သိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လမ်ဘော်ဂနီ ကားသုံးစီးအနက် တစ်စီးမှာ ထိန်းချုပ်မရဖြစ်ကာ လမ်းဘေးအကာအရံကို ၀င်တိုက်မိပြီး နောက်မှ ပါလာသည့် လမ်ဘော်ဂနီ ကားနှစ်စီးက ယင်းကားကို ၀င်တိုက်မိ ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မတော်တဆဖြစ်မှု သတင်းရပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ကားနှစ်စီးနှင့် မီးသတ်သမား ၁၄ ဦး မိနစ်အနည်းငယ်အတွင်း ရောက်ရှိခဲ့သော်လည်း ကားတစ်စီးမှာ လုံးဝ မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ကျန်နှစ် စီးမှာမူ ပြန်လည်ပြုပြင်၍ မရတော့လောက်အောင် ပျက်စီးသွားခဲ့သည်။ ယခု ဆုံးရှုံးခဲ့ရသော Lamborghini Aventador ကားတစ်စီး၏ အကြမ်းဖျင်းတန်ဖိုးမှာ ပေါင် ၂၈၈,၀၀၀ ရှိပြီး ကျန် Lamborghini Gallardo ကား နှစ်စီး၏ တန်ဖိုးမှာ ပေါင် ၃၆၀,၀၀၀ ခန့်ရှိသည်။

Automobile Journal
1

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top