နေပြည်တော်၊ ဒီဇင်ဘာ ၁၀
၇-၁၂-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၈/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်သပြေရပ်ကွက်နေ တင်ကျော်(၄၅)နှစ်မောင်းနှင်လာသည့် 1G/xxxx ““အီလိုက်”” ခရီးသည်တင် မှန်လုံယာဉ်မှာ ၀ဲဘက်ရှေ့ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်း ဘာရီယာတုံးများအားဝင်ရောက်တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ယာဉ်စက်ပြင်ဖြစ်သူ မန္တလေးမြို့၊ အောင်မြေသာဇံ မြို့နယ်နေ စွမ်းနိုင်အောင်(၂၅)နှစ်တွင် ၀ဲခြေဖ၀ါးပေါက်ပြဲ ဒဏ်ရာရရှိ ခဲ့သောကြောင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ရှေ့ ၀ဲဘက်ခြမ်းအောက်ပိုင်းကျိုးကြေ၊ ၀ဲ/ယာရှေ့ဘီးများပေါက်၊ တန်ဘိုးငွေ ကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် တင်ကျော်အား ပေလေးပင် အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
##Aye Chan Mon #မှ ပြန်လည်မျဝေပါသည်
Credit To:မြ၀တီ
Post a Comment