0
ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၃

စာနယ်ဇင်းကျင့်ဝတ်ကို ချိုးဖောက်လျက်ရှိပြီး လက်ရှိ အစိုးရကို ထိခိုက်စေသည့် အရေးအသားများ ပါဝင်နေသည့် သူရိယနေ၀န်းဂျာနယ်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ စာတစောင်ပေးပို့ တောင်းဆိုလိုက်သည်။

သူရိယနေ၀န်းဂျာနယ်သည် အ၀ါရောင်စာပေဖြစ်ပြီး အမုန်စကားများ ဖြစ်သည့်အတွက် လိုအပ်သလို အရေးယူရန် ဆောင်ရွက်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီထံသို့ စာပေးပို့ တောင်းဆိုခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :The Irrawaddy (Burmese Version)

Post a Comment

 
Top