0


Thursday, December 12, 2013

မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ် မကျီးချို (တောင်) ရွာ၌ တစ်နှစ်အရွယ် ကလေးငယ် တစ်ဦးမှာ မွေးကင်းစ အရွယ်ကပင် ခြေလက်အင်္ဂါ ပါသည်ဆိုရုံမျှဖြင့် ကျန်းကျန်းမာမာ အသက် ရှင်သန်ခဲ့ပြီး ဒေသခံများနှင့် မိဘ ဘိုးဘွားတို့၏ မေတ္တာကို အပြည့်အဝ ရရှိကာ ရှေ့ဆက်ရမည့် ဘဝခရီး အတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်မှုများ ရှိကြောင်း သိရသည်။

အဆိုပါ အောင်ထူးကျော် (ခ) ပစ်တိုင်းထောင် အမည်ရှိ ကလေးငယ်သည် ၁၃၇၃ ခုနှစ် တပေါင်းလပြည့် ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားကာ မွေးချင်း ခုနစ်ယောက်ရှိပြီး စားဝတ်နေရေး ချောင်လည်သော တောင်သူ လယ်သမား မိသားစု မျိုးရိုးမှ ဖြစ်သည်။ ကလေး မွေးဖွားပြီးသည့် နောက်ပိုင်း မြို့သစ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ကူညီမှုများ ရှိခဲ့ပြီး စေတနာရှင် အချို့မှလည်း ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဌေး(မကွေး)
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :မြ၀တီ
4

Post a Comment

 
Top