ကူမင်း၊ ဒီဇင်ဘာ ၆
ဆဌမအကြိမ်မြောက် အာဆီယံ + ၃ မီဒီယာများပူးပေါင်းဆောင်ရွက်ခြင်း ဖိုရမ်ကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် ယနေ့ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံများအပါအ၀င် တရုတ်၊ ဂျပန် နှင့် ကိုရီးယားနိုင်ငံတို့မှ သတင်းစာဆရာများ ပါဝင်ဆွေးနွေးကြသော ဖိုရမ်ဖြစ်သည်။
ယင်းဖိုရမ်ဝယ် အဓိက အကြောင်းအရာ သုံးခုဖြစ်သည့် ဟန်ချက်ညီသည့်အာရှနှင့် အပြုသဘောဆောင်သည့်စွမ်းအားများပေါ်ပေါက်ရေးအတွက် မီဒီယာ၏ အခန်းကဏ္ဍ၊ ဒေသတွင်းနှင့် နိုင်ငံတကာအပေါ်အာရှ၏အသံ၊ အာရှရာစုသစ်ဝယ် ယူနန်သည် နှစ်ဦးနှစ်ဖက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အလမ်းတို့အတွက် အရေးပါခြင်း အစရှိသည့် အကြောင်းအရာများအပေါ် အခြေခံ၍ ဆွေးနွေးခဲ့ကြသည်။
နံနက်ပိုင်းတွင် ဖိုရမ်ကိုစတင်ကျင်းပ၍ မွန်းလွဲပိုင်းတွင် စားပွဲဝိုင်းဆွေးနွေးပွဲကိုပြုလုပ်ကာ နိုင်ငံတကာမှ သတင်းစာဆရာများ ပွင့်ပွင့်လင်းလင်းပါဝင်ဆွေးနွေးကြသည်။ မြန်မာနိုင်ငံမှ သတင်းစာဆရာလေးဦးအပါအ၀င်အာရှနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ သတင်းသမား စုစုပေါင်း ၇၀ကျော်ခန့်တက်ရောက်ကြသည်။
အဆိုပါ ဖိုရမ်ကို တရုတ်နိုင်ငံ "ပြည်သူ့နေ့စဉ်" သတင်းစာမှ ဦးဆောင်စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ ယူနန် ခရိုင်ကွန်မြူနစ်ပါတီနှင့် "ယူနန်နေ့စဉ်"သတင်းစာတို့က ပူးပေါင်းပါဝင်ကူညီကြခြင်းဖြစ်သည်။
PP
အေးချမ်းမွန် Credit To >Popular Myanmar News Journal< Thankhttps://www.facebook.com/excellencemedia

Post a Comment