ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ၊ Ref: Xinhua
ပြဿနာလေးများရှိနေသော ကျန်းမာရေးစောင့်ရှောက်မှုဥပ ဒေ Affordable Care Act (ACA) အပေါ် လူထုအာရုံစိုက်မှုကိုပြောင်း ရွှေ့ပစ်ရန် ကြိုးပမ်းသည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေး အမေ ရိကန်တွင် အမျိုးသားအနိမ့်ဆုံး လုပ်ခကိုမြှင့်တင်ပြီး ဝင်ငွေမညီ မျှမှုကိုလျှော့ချရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ကွန်ဂရက်ကို ဒီဇင်ဘာ ၄ရက်က တောင်းဆိုလိုက်သည်။
ကြီးထွားလာသော လူလတ် တန်းစား တစ်ရပ်က အမေရိကန်၏စီးပွား ရေးကို မောင်းနှင်နေသည့် အင် ဂျင်ဖြစ်နေစဉ် ဝင်ငွေမညီမျှမှုသည် လည်း ထင်ရှားပေါ်လွင်နေသည့် စိန်ခေါ်မှုဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက်ပညာရှင်အကြံပေးအ ဖွဲ့ Center for American Pro- gress က ပြုလုပ်သောအခမ်းအ နားတစ်ခုတွင် အိုဘားမားက ပြောကြားခဲ့သည်။
ချမ်းသာကြွယ်ဝသော အ မေရိကန်များသည် မျှတမှုမရှိဘဲ ကြွယ်ဝမှု၏ ကြီးမားသောအစိတ် အပိုင်းကို ချုပ်ကိုင်ထားပြီး အမေ ရိကန်လူ့အဖွဲ့အစည်းတွင် နက် နက်ရှိုင်းရှိုင်းမညီမျှမှု ဖြစ်နေသည် ဟု အိုဘားမားက ပြောသည်။ယခင်က ပျမ်းမျှအားဖြင့် အမှုဆောင်အရာရှိချုပ်တစ်ဦး သည် ပျမ်းမျှအလုပ်သမားတစ် ဦး၏ဝင်ငွေထက် အဆ ၂ဝမှ အဆ၃ဝအထိရရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်အရာရှိ ချုပ်တစ်ဦး၏ဝင်ငွေမှာ ၂၇၃ဆ အထိရှိနေကြောင်း အိုဘားမားက ထပ်မံပြောကြားခဲ့သည်။ ဝင်ငွေ မညီမျှမှုသည် နိုင်ငံ၏လူလတ် တန်းစားကိုထိခိုက်လျက်ရှိပြီး အမေရိကန်ပြည်ထောင်စုတွင် အခွင့်အလမ်းကွာဟချက်မှာ ကြီး ထွားလာကြောင်းလည်း အိုဘား မားက ပြောကြားခဲ့သည်။
''ထိပ်တန်းတစ်ရာခိုင်နှုန်း ထဲက မိသားစုတစ်ခုဟာ သာမန် ပုံစံကျမိသားစုတစ်စုထက် အသား တင် ၂၈၈ဆပိုပြီး ဝင်ငွေရှိပါတယ်။ ဒါဟာ ဒီနိုင်ငံအတွက် စံချိန်တင် မှတ်တမ်းတစ်ခုပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ ဝင်ငွေနိမ့်လုပ် သားများကိုကူညီရန်နှင့် စီးပွားရေး တိုးတက်မှုကိုပံ့ပိုးရန် ကြိုးပမ်းသည့် အနေဖြင့် လက်ရှိ အမျိုးသားအ နိမ့်ဆုံးလုပ်ခတစ်နာရီ ရဒသမ ၂၅ ဒေါ်လာကို တိုးမြှင့်ပေးရန် ကွန်ဂ ရက်အား ဖိအားပေးနိုင်သည့်အခွင့် အရေးကို အိုဘားမားက အသုံးချ ခဲ့ခြင်းဖြစ်သည်။
အေးချမ်းမွန် Credit To > Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment