0


အောင်ဇော်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀

ရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း ဆီးဂိမ်းကြရူ့ခွင့် ကတ်ပြုလုပ်သူ တစ်သောင်းကျော်ရှိနေပြီဟု ကတ်ထုတ်လုပ်ရေးဌာနမှ သိရသည် ။

"လာလုပ်တဲ့သူတွေကတော့ များပါတယ် ၊ ကတ်လုပ်ပေးရတဲ့ အချိန် အနည်းငယ်ကြာမြင့်တဲ့အတွက် လူဦးရေ ဒီလောက်ပဲရှိသေးတာပါ "ဟု ကတ်ထုတ်လုပ်ရေးဌာနမှ တာဝန်ခံ ဦးအောင်လင်းကပြောသည်။

ဆီးဂိမ်းပြိုင်ပွဲများ ကြည့်၇ူ့ခွင့်ကတ်များကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စ၍ ယနေ့(ဒီဇင်ဘာ ၁၀ရက်)အထိ နံနက် ကိုးနာရီမှ ညနေငါးနာရီအထိပိတ်ရက်မရှိပြုလုပ်ပေးနေပြီး တစ်နေ့လျှင်ပြုလုပ်သူ ပျမ်းမျှ ၁၅၀၀ ခန့်ရှိသည်ဟု ၄င်းကဆက်လက်ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲများကြည့်ရှုခွင့်ကတ်သည် ဖွင့်ပွဲ ပိတ်ပွဲနှင့်ဘောလုံးပွဲမှအပ ကျန်အားကစားပွဲများကိုကြည့်ရူ့နိုင်မည်ဖြစ်ပြီး လူတစ်ဦးလျှင် ကတ်နှစ်ကတ် ပြုလုပ်ပေးကြောင်း ၊ ဓါတ်ပုံတစ်ပုံ ၊ မှတ်ပုံတင်မူရင်း ၊ မိတ္တူ နှင့် ယခုလ ၂၀ ရက်နေ့နောက်ဆုံးထားပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:Popular Myanmar News Journal
2

Post a Comment

 
Top