Created on Saturday, 07 December 2013 00:50
မန္တလေးမြို့ကို ၂၀၄၀ ခုနှစ်တွင် တိုးပွာလာမည့် လူဦးရေ သုံးသန်းအတွက်ပါ မြို့ပြ စီမံကိန်းဖြစ် ဆောင်ရွက်သွားရန် အတွက် အသုံးမပြုရသေးဘဲ သတ်မှတ်ထားသော တပ်မြေဧရိယာများကို မြို့ပြစီမံကိန်းတွင် သုံးစွဲနိုင်ရန် လိုအပ်ကြောင်း Green City အဖြစ် ဆောင်ရွက်ရန် လာရောက်သည့် စိမ်းလန်းသော မန္တလေးမြို့တော် အတွက် မဟာဗျူဟာ ဖွံ့ဖြိုးမှု စီမံချက်ချရန် လေ့လာမှုလုပ်ငန်း အစီအစဉ် အခြေအနေ တင်ပြခြင်းနှင့် ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ADB မှ အဖွဲ့ခေါင်းဆောင် Alistair Blunt က ပြောကြားသည်။
လက်ရှိ မန္တလေးမြို့ လူဦးရေ ၁ ဒသမ ၂သန်းရှိကာ ၂ ဒသမ၅၊ ၂ဒသမ၉ သန်းထိ တိုးလာနိုင်ပြီး တိုးပွားလာမည့် လူဦးရေ သုံးသန်းအတွက်ပါ ကြိုတင်တွက်ချက် ထားကြောင်းနှင့် Green City အတွက် မြို့တွင်းမြို့ပြင် စီမံကိန်း အောင်မြင်ရန် စဉ်းစားဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။
''မန္တလေးမှာ မသုံးသေးဘဲ သတ်မှတ်ထားတဲ့ တပ်မြေဧရိယာတွေ၊ လေဆိပ်မြေ နေရာတွေကို စနစ်တကျ စီမံခန့်ခွဲ နိုင်မယ်ဆိုရင် မြို့သူမြို့သားတွေအတွက် ကောင်းကောင်း အသုံးချနိုင်မှာပါ။ အဲလိုမြေနေရာ အလွတ်တွေ အများကြီး ရှိပါတယ်'' ဟု ADB မှ အဖွဲ့ခေါင်းဆောင် Alistair Blunt က ထောက်ပြပြောဆို ခဲ့ပါသည်။ ကျပ်သိန်း ၁၀၀ ခန့် သတ်မှတ်ထားသည့် မြို့တော်စည်ပင်၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍လည်း သာမန်ဝန်ထမ်း တစ်ဦး၏ ၀င်ငွေရာခိုင်နှုန်း ၂၀ ကို သုံးစွဲရသည့်အတွက် ရေရှည်အတွက် ခက်ခဲနိုင်ကြောင်း၊ ၀င်ငွေနည်းပါးသူ၏ ၂၀ ရာခိုင်နှုန်းကသာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး ပြန်လည်စဉ်းစား စေလိုကြောင်း တင်ပြခဲ့သည်။
မန္တလေးမြို့စွန် နေရာများတွင် အစိမ်းရောင်ရပ်ဝန်း ရှိပြီးသား ဖြစ်သဖြင့် Green City အတွက် လွယ်ကူကြောင်း၊ မြို့တွင်းသွားလာချိန်နှင့် ကုန်ကျစရိတ် လျှော့ချရန် မြို့တွင်းမြို့ပြင်ပတ်လမ်း ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
မန္တလေးမြို့ကို ဆက်လက်တိုးချဲ့ရန် မြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက် အမရပူမြို့နယ်တို့မှာ သင့်လျော်ပြီး စိုက်ပျိုးမြေများ ပါဝင်သဖြင့် စိုက်ပျိုးရေး ၀န်ကြီးဌာနမှ ခွင့်ပြုပါက ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန္တလေးမြို့အား မန္တလေးတောင်ပေါ်မှ တွေ့မြင်ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment