0


ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဖြစ် မန္တလေး-နေပြည်တော်ကို Wheel Chair ဖြင့် စက်ဘီးစီးစွမ်းရည်ပြ စီးနင်းသည့် အဖွဲ့ ဝင်ခုနှစ်ဦးပါဝင်သော အဖွဲ့ သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ ၀န်းကျင်က မိတ္ထီလာမြို့သို့ ရောက်ရှိလာပြီး မိတ္ထီလာမြို့ရှိ နဂါးရုံသာသနာ့ဗိမာန်တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Wheel Chair ဖြင့်စက်ဘီးစီး စွမ်းရည်ပြစီးနင်းသည့်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက ၀မ်းတွင်းမြို့ မှ ထွက်ခွာလာခြင်းဖြစ်ပြီး မနက်ဖြန်တွင် ရမည်းသင်းမြို့သို့  ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့  မသန်စွမ်းတွေရဲ့စွမ်းရည်ကို ပြသခြင်းအားဖြင့် အခြားဒေသက မသန်စွမ်းညီအကို မောင်နှမတွေလည်း စိတ်အား တက်ကြွလာအောင် ဒီခရီးစဉ်မှာ ၀င်ရောက်စီးနင်းခြင်းဖြစ်ပါတယ်။ မနက်က ၀မ်းတွင်းက ထွက်လာပါတယ်။ မနက်ဖြန်ကို ရမည်းသင်းကိုဆက်ထွက်ပါမယ်'' ဟု မသန်စွမ်းအားကစားသမား ကိုသိုက်အောင်က ပြောပြသည်။ အဆိုပါအဖွဲ့သည် ရွှေမင်းသားဖောင်ဒေးရှင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ ၏ပူးပေါင်းစီစဉ်ပံ့ပိုးမှုဖြင့် နိုဝင်ဘာ ၂၆ ရက်က မန္တလေးမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်တွင်နေပြည်တော် သို့ ရောက်ရှိမည်ဖြစ်သည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top