ပြည်တွင်းဆော့ဖ်ဝဲ နယ်ပယ်၌ Developer ၅၀၀၀ ဦးမှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၆၀ ကို တိုင်းပြည် GDP ရှာဖွေပေးနေပြီး လာမည့်နှစ်များတွင် ၎င်းပမာဏထက် ပိုမို၍ ရှာဖွေပေးနိုင်ရန် ရည်မှန်းထားကြောင်း မကြာသေးမီက ဖွဲ့စည်းလိုက်သည့် ဆော့ဖ်ဝဲဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သတင်းရရှိသည်။
''ပြည်တွင်းမှာ အရည်အချင်းပြည့်ဝ Developer တဲ့ တွေ အများကြီးလိုအပ်နေပါတယ်။ အခုဆိုရင်နိုင်ငံတကာကနေ ဒီမှာ လာပြီးတော့ Outsourcing တွေ လုပ်ချင်တာမျိုး၊ ပရောဂျက်တွေ ပေးချင်တာမျိုးရှိတယ်။ ဒီမှာ Developer တွေက တော်ကြ ပေမယ့် အဖွဲ့လိုက်လုပ်ဆောင်တာမျိုး၊ စုစည်းတာမျိုး အားနည်းနေတယ်လို့  မြင်တယ်။ ဆော့ဖ်ဝဲထဲမှာ အရေးများတာကတော့ လုပ်ငန်းသုံးဆော့ဖ်ဝဲတွေပါပဲ။ လုပ်ငန်းတစ်ခုချင်းစီရဲ့ ပုံစံအလိုက်လိုအပ်ချက်အလိုက် ရေးပေးရတာပေါ့။ ခုနောက်ပိုင်းမှာ မိုဘိုင်းဆော့ဖ်ဝဲတွေလည်း တော်တော်ဖွံ့ဖြိုးလာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချု
လက်ရှိတွင် ပြည်တွင်း၌ Developer တစ်ဦးချင်းဆီမှ တစ်လလျင် ဒေါ်လာ ၁၀၀၀ နှုန်းဖြင့် Developer ၅၀၀၀ ဦးမှ တစ်နှစ်လျင် ဒေါ်လာ သန်း ၆၀ ကို တိုင်းပြည် GDP အဖြစ်ရှာဖွေပေးနိုင်ပြီး လာမည့် နှစ်များအတွင်း တစ်လလျင် ဒေါ်လာ ၁၀၀၀ နှုန်းဖြင့် Developer ၁၀၀၀၀ ဦးမှ တစ်နှစ်လျင် ဒေါ်လာသန်း ၁၂၀၊ ဆက်လက်၍ တစ်လလျင် ဒေါ်လာ ၂၀၀၀ နှုန်း ဖြင့် Developer ၅၀၀၀၀ မှ တစ်နှစ်လျင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကို တိုင်းပြည် GDP အဖြစ် ရှာဖွေပေးလာနိုင်မည်ဟု SIDC (Software Industry Development Committee) အနေဖြင့် ရည်မှန်းထားကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/
Post a Comment