0

OIC ခေါ် အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ သမ္မတဦးသိန်းစိန်နဲ့ ခရီးစဉ်နောက်ဆုံးရက်ဖြစ်တဲ့ စနေနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ သမ္မတရုံးကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကပါ အခုချိန်အထိ ထုတ်ပြန်ပြောကြားတာမရှိသေးဘူးလို့ DPA သတင်းက ရေးသားဖော်ပြထားပါတယ်။

OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာခင် လေဆိပ်ရောက်တဲ့အချိန်ထိ ဆန့်ကျင်ဆန္ဒပြခံခဲ့ရ ပါတယ်။

သံဃာ ၆ ပါးပါဝင်တဲ့ လူ ၆၀ လောက်က အိုအိုင်စီထွက်သွား၊ အိုအိုင်စီ ပြည်တွင်းရေး ဝင်မစွက်ဖက်နဲ့ဆိုတဲ့ စာတန်းတွေကိုင်ပြီး လေဆိပ်မှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ြ

မန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ မွတ်စလင်နဲ့ပဋိပက္ခတွေကို လေ့လာဖို့ OIC အဖွဲ့ကိုယ်စားလှယ်တွေ ရောက်လာတာဖြစ်သလို ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေကို လိုက်လံ ကြည့်ရှုခဲ့တဲ့ ၅ ရက်အတွင်းမှာ မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

အေးချမ်းမွန် Credit To >RFA Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top