0


ကွန်ဂိုနိုင်ငံမှ လက်နက်ကိုင် သူပုန်တပ်ဖွဲ့ ဖြစ်သည့် M-23 တပ်ဖွဲ့မှ ခေါင်းဆောင် အပါအဝင် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ဝဝဦးခန့်သည် ကွန်ဂို အစိုးရ တပ်ဖွဲ့ဝင် များ၏ တိုက်ထုတ်မှုကြောင့် ယူဂန်ဒါနိုင်ငံမှ တာဝန်ရှိသူများထံသို့ လက်နက်ချ အလင်းဝင် ရောက်ခဲ့ကြောင်း ယူဂန်ဒါ စစ်ဘက် တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ၇ ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ M-23 သူပုန်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆူလ်တန် နီမာကန်ဂါနှင့် ၎င်း၏ တပ်ဖွဲ့ဝင်များသည် ကွန်ဂိုနိုင်ငံနှင့် ယူဂန်ဒါ နိုင်ငံ နယ်စပ် တောအုပ်အနီး မဂါဟင်ဂါ ဒေသတွင် ယူဂန်ဒါ အစိုးရ တပ်ဖွဲ့ဝင်များထံ အလင်းဝင် ခဲ့ခြင်း ဖြစ်သည်။

၎င်း M-23 သူပုန် တပ်ဖွဲ့သည် ကုလသမဂ္ဂမှ ထောက်ပံ့ ကူညီမှုများ ပေးထားသော ကွန်ဂို အစိုးရ တပ်ဖွဲ့ဝင်များ၏ တိုက်ထုတ်မှုကြောင့် ယခု သီတင်းပတ် အတွင်းမှာ ပင် ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများကို လက်လွှတ် ဆုံးရှုံးခဲ့ရ သည်။

အေးချမ်းမွန် Credit To >မြ၀တီhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top