0


ဦးတေဇ တည်ထောင်ထားသည့် ထူးဖောင်ဒေးရှင်းအစီအစဉ်ဖြင့် KIO အဖွဲ့မှ ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး သည် Myanmar Peace Center တွင် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန် အတွက် ယနေ့ (၁၇-၁၁-၂၀၁၃)ရက်နေ့ ညနေ ၄ နာရီခန့် တွင် Air Bagan လေကြောင်းလိုင်းဖြင့် မြစ်ကြီးနားမှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းခရီးစဉ်သည် အစိုးရနှင့် KIA စစ်ရေးတင်းမာချိန်မှစ၍ ပထမဦးဆုံး KIA အဖွဲ့ခေါင်းဆောင်၏ပြည်တွင်းခရီးစဉ် ဖြစ်ပြီး ဗိုလ်ချုပ် ဂွန်မော်ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး သည် ရန်ကုန်မြို့ Myanmar Peace Center တွင် ဦးအောင်မင်းနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။ ၎င်းခရီးစဉ်နှင့် ပတ်သက်၍ ထူးဖောင်ဒေးရှင်းမှ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထို့ပြင် ယခင်ကလည်း အစိုးရနှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပသည့် မြစ်ကြီးနားမြို့မနောကွင်းရှိ မထွယ်ခန်းမအား ထူးဖောင်ဒေးရှင်းမှ သိန်း ၁၀၀၀ ကျော် အကုန်ကျခံ ပြင်ဆင်ပေးခဲ့ကြောင်း ထူးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

win kha

အေးချမ်းမွန် Credit To >Latest Myanmar Newshttps://www.facebook.com/excellencemedia
1

Post a Comment

 
Top