ပင်လယ်ပြင် အမှိုက်များသည် ကမ္ဘာ့ လိပ်ကြီးများ၏ မျိုးပွားမှုကို ကျဆင်းစေသည့် အပြင် အသက်ကို သေစေနိုင်
ပင်လယ်ပြင် အတွင်း အမှိုက်များ၊ ပိုက်ကွန်များနှင့် ပုလင်းခွံများကို စည်းကမ်းမဲ့စွာ စွန့်ပစ်ကြသောကြောင့် သြစတြေးလျ ကမ်းရိုးတန်းများမှ မြန်မာနိုင်ငံ ပင်လယ် ကမ်းရိုးတန်းများ ဆီသို့ လာရောက် ဥဥကြပြီး မျိုးပွား ကြသော ကမ္ဘာ့ လိပ်ကြီးများ၏ အသက် အန္တရာယ်ကို ထိခိုက်စေသည့် အပြင် မျိုးပွားမှုများကို အနှောင့်အ ယှက်ပေးနေကြောင်း လိပ်မျိုး မသုဉ်းစေရန် ကာကွယ်စောင့် ရှောက်နေသည့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သြစတြေးလျ နိုင်ငံမှ ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ပင်လယ် လိပ်ကြီးများ နှစ်စဉ် လာရောက် ဥဥ မျိုးပွားမှုများမှာ တစ်နှစ်ထက် တစ်နှစ် ကျဆင်း လာနေပြီး ပင်လယ်ပြင် လိပ်ကြီးများမှာလည်း လူတို့ စွန့်ပစ်သော အမှိုက်များကြောင့် ကျွန်းများပေါ်သို့ တက်ရောက်ရာ လမ်းများတွင် ယင်းအမှိုက်များနှင့် ငြိမိပြီး သေဆုံးမှုများ ရှိနေသကဲ့သို့ ထိုအမှိုက်များကြောင့် ဥချရန် တွင်းတူးရာတွင် ပင်လယ်လိပ်ကြီးများမှာ အခက်အခဲများနှင့် ကြုံတွေ့ ကြရပြီး ကျွန်းများပေါ်တွင် တင်ကျန်နေသော ပလတ်စတစ် အမှိုက်များကို စားသုံးမိသော ပင်လယ် လိပ်ကြီးများသည်လည်း အသက် အန္တရာယ် ဖြစ်တတ်သည်ဟု သိရသည်။
ယင်းပင် လယ်လိပ်ကြီးများသည် ယင်းတို့ ပေါက်ပွားခဲ့သော ဇာတိချက်မြှုပ် ကျွန်းများပေါ်သို့ နှစ်ပေါင်း သုံးဆယ် ကြာမှသာ ပြန်လည် ရောက်ရှိ တတ်ကြပြီး ပေါက်ပွားရာ ကျွန်းများကို မှတ်မိကြသည်ဟု ပင်လယ် လိပ်များကို သုတေသန ပြုနေသူ ပါမောက္ခ တစ်ဦးက ပြောကြားခဲ့သည်။
နှစ်ပေါင်း သုံးဆယ် အကြာတွင် ယင်းတို့ကို မွေးဖွားခဲ့သော ကျွန်းများပေါ်သို့ ပြန်လည် ရောက်ရှိကြပြီး ယင်းတို့၏ မျိုးပွားမှုကို လုပ်ဆောင်ကြသည်ဟု သိရသည်။ ထို ပင်လယ်လိပ်ကြီးများမှာ ကမ္ဘာဦးမှ စတင် ပေါက်ပွား နေထိုင်ခဲ့သော ရှေးအကျဆုံး သတ္တဝါများလည်း ဖြစ်ပြီး သက်တမ်းအားဖြင့် လူသားများ၏ သက်တမ်းနှင့် တန်းတူ အနေအထားလောက် ရှိသည်ဟု သုတေသန ပညာရှင်များက သုံးသပ်ပြောဆို ခဲ့ကြသည်။
ထိုလိပ်ကြီးများကို လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က မြန်မာ နိုင်ငံ၏ ကမ်းရိုးတန်းများတွင် အလွန်များပြားစွာ တွေ့ရှိရပြီး ယခုအချိန်တွင် ထိုပင်လယ် လိပ်ကြီးများမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်း လာနေကာ အကောင် ၁ဝဝ အောက်သို့ ကျဆင်းနေကြောင်းလည်း သိရသည်။
အဆိုပါ ပင်လယ် လိပ်ကြီးများ တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာခြင်းသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ပင်လယ်ပြင် အတွင်း လူတို့၏ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေမှုများကြောင့် ဖြစ်ပြီး ယင်း ပင်လယ် လိပ်ကြီးများကို မျိုးမသုဉ်းစေရန် ကာကွယ် ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်သည်။
ယင်း ပင်လယ် လိပ်ကြီးများမှာ လူသားများကြောင့် မျိုးသုဉ်းလု နီးပါး ဖြစ်နေသောကြောင့် စည်းကမ်းတကျ ထိန်းသိမ်းရန်လည်း လိုအပ် နေပေသည်။ ထို ပင်လယ် လိပ်ကြီးများ လာရောက် မျိုးပွားခြင်းကို ကာကွယ် ပေးရန် အတွက် ကျွန်းများပေါ်ရှိ အမှိုက်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အခါအား လျော်စွာ ဖယ်ရှားရေး လုပ်ငန်းများ ဆောင်ရွက် နေသည်ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ပင်လယ်လိပ် ထိန်းသိမ်းရေး ဆောင်ရွက်သူများက ပြောကြား ခဲ့ကြသည်။
http://www.myawady.net.mm/stories/storiesforall/item/29799-2013-11-06-11-44-13
အေးချမ်းမွန် Credit To >မြ၀တီhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

အေးချမ်းမွန် Credit To >မြ၀တီ
http://ayechanmon-news1.blogspot.com/
Post a Comment