Friday, November 1, 2013
ဟောလီးဝုဒ်မင်းသား ဂျင်မ်ကာရေး သရုပ်ဆောင် ဂျင်မ်ကာရေး၏ အပြောင်မြောက်ဆုံး ဇာတ်ကားတစ်ခု ဖြစ်ခဲ့သည့် The Maskမှ ဝတ်စုံအတိုင်း အစိမ်းရောင်မျက်နှာ၊ အဝါရောင်တောက်တောက် ဝတ်စုံတို့ကို ကိုင်ဝိန်းအတွက် ရွန်နီတို့က ဖန်တီးပေးခဲ့
Halloween အထိမ်းအမှတ်အဖြစ် ဝိန်းရွန်နီတို့ ဇနီးမောင်နှံက သားဖြစ်သူ ကိုင်ဝိန်းရွန်နီအတွက် ဖက်ရှင်ဒီဇိုင်းအဖြစ် The Mask ဇာတ်ကောင်ကို ရွေးချယ်ပေးလိုက်သည်။ ဟောလီးဝုဒ်မင်းသား ဂျင်မ်ကာရေး သရုပ်ဆောင် ဂျင်မ်ကာရေး၏ အပြောင်မြောက်ဆုံး ဇာတ်ကားတစ်ခု ဖြစ်ခဲ့သည့် The Maskမှ ဝတ်စုံအတိုင်း အစိမ်းရောင်မျက်နှာ၊ အဝါရောင်တောက်တောက် ဝတ်စုံတို့ကို ကိုင်ဝိန်းအတွက် ရွန်နီတို့က ဖန်တီးပေးခဲ့သည်။ (၁၉၉၄)ခုနှစ်က ရုံတင်ခဲ့သည့် The Mask ဇာတ်ကားကို ကိုင်ဝိန်းကလည်း ကြိုက်နှစ်သက်လေ့ရှိရာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးနှင့် ၎င်း၏ ဇနီးသည် ကောလင်းရွန်နီတို့က ယခုလို စိတ်ကူးမျိုးဖြင့် အကောင်အထည်ဖော်ပေးခဲ့ခြင်းဟု သိရှိရသည်။
အသက်(၃)နှစ်ရှိ သားကြီး၏ မျက်နှာကို ရွန်နီနှင့် ကောလင်းတို့က စိတ်ရှည်လက်ရှည် အစိမ်းရောင် ခြယ်ပေးခဲ့ကြသည်။ ထို့နောက် ကောလင်းက Halloween တောင်းဆုပြုကြောင်း စာတမ်းနှင့်အတူ ချစ်စဖွယ် သားကြီး၏ ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့သည်။ ရွန်နီနှင့် ကောလင်းတို့သည် ဒုတိယမြောက် ကလေးအဖြစ် သားငယ် ကလေးကို မေလက ဖွားမြင်ခဲ့သေးသည်။ ကောလင်းသည် မိခင်ကောင်း ပီသသူအဖြစ် ဗြိတိသျှ မိခင်အများစု၏ အသိအမှတ်ပြုမှုကို ခံရသည့်နောက် Tesco၏ တစ်နှစ်တာ အထူးချွန်ဆုံး မိခင်ဆုကိုလည်း မကြာမီက ချီးမြှင့်ပေးအပ် ခံခဲ့ရသည်။
အေးချမ်းမွန် Credit To >Planet Myanmar Network
Post a Comment