0



ရုပ်ရှင်မကြည့်ဖူးခင် Trailer လောက်ပဲ ကြည့်ရတုန်းက စက်ရုပ်ဝတ်ဆုံ ဝတ်ထားတဲ့ Matt Damon ကို စူပါ ဟီးရိုးကြီး တစ်ယောက်လို့ ထင်ခဲ့မိပါတယ်။ သို့ပေမယ့် ရုပ်ရှင်ကြည့်ပြီးမှ Elysium ရုပ်ရှင်ဟာယောင်္ကျားတို့ ရဲစွမ်း သတ္တိနဲ့ စွန့်လွတ်အနစ်နာ ခံခြင်းကို သေချာ ဖော်ကြူးထားကြောင့် သိရှိလိုက်ရ ပါတယ်။

သက္ကရာဇ် ၂၅၁၄ ခုနှစ်၊ ကမ္ဘာက ပျက်ဆီးပြီး ဆင်းရဲသားတွေပဲ နေပါတယ်။ ကမ္ဘာ့အပြင်မှာ လူလုပ် ဂြိုလ်တစ်ခုကို Elysium လို့အမည်ပေးပြီး လူချမ်းသာတွေ နေပါတယ်။ Max လို့အမည်ရတဲ့ လူဟာ ဆင်းရဲသား ပတ်ဝန်းကျင်မှာ ပေါက်ဖွားပြီး စက်ရုံလုပ်သား တစ်ဦး ဖြစ်ပါတယ်။ တစ်နေ့ စက်ရုံတွင်းက ဓာတ်ရောင်ခြည်လုပ်ငန်းမှာ အဆိပ်သင့်တော့ သူ့မှာ အသက်ရှင်ဖို့ ၅ ရက်ပဲလိုပါတော့တယ်။ အကြောင်းမဲ့ အပြစ်မရှိပဲ ၅ ရက်အတွင်း သေရမယ့် ဖြစ်ရပ်ကို လက်မခံနိုင်တော့ အပေးအယူ တစ်ခုနဲ့ Elysium လူချမ်းသာ ကမ္ဘာကို သွားရောက် တိုက်ခိုက်ဖို့ သဘောတူခဲ့ ပါတယ်။ ကျောမှာ ကပ်ထားတာ သူ့ကို စူပါဟီးရီုး မဖြစ်စေပါဘူး။ အရိုးပျော့ပြီး လှုပ်ရှားမှုနှေးကွေးသွားတဲ့ Max အတွက် အားပြန်ဖြည့်ပေးမယ့် ဝတ်ဆုံ သာသာ တစ်ခုလောက်ပါပဲ။ သာမန်လူထက် အနည်းငယ် ပို အားသန်ရုံထက် ဘာမှ မထူးခြားပါဘူး။

၅ ရက်အတွင်း သူကြိုးစားတယ်။ နောက်ဆုံး သူ ကြိုးစားပေမယ့် အသက်မရှင်နိုင်မှန်း သိလိုက်တယ်။ ဒီတော့ သူ မရှင်ပေမယ့် ဆင်းရဲသား ကမ္ဘာဂြိုလ်က လူသားတွေ အသက်ရှင်ဖို့အတွက် သူ့အသက်ကို Elysium မှာ စတေးခဲ့တယ်။ အက်ရှင် သေနတ်ပစ်ခန်းတွေ ပါပေမယ့် ဟီးရိုးကြီးတွေလို ပြန်သန်းတာတွေ၊ အားနဲ့ ပစ်တာတွေ မပါပါဘူး။ သာမန်လူတစ်ယောက်အနေနဲ့ သူ့အတွက် အကောင်းဆုံး ဖြစ်အောင်လုပ် မယ်။ ဘယ်သူ့ကိုမှ ဆိုးကျိုးမပေးဘူး။ ကိုယ့်အတွက် မကောင်းလာနိုင်တော့ရင်တောင်မှ အခြားလူတွေ ကောင်းစေ ရမယ်ဆိုတဲ့ ခံယူချက်ရှိတဲ့ Max ဟာ ရုပ်ရှင်မှာ သနားစရာ ဇာတ်ရုပ်တစ်ခုနဲ့ ဇာတ်သိမ်းသွားပါတယ်။

ရုပ်ရှင်အမြည်း ကြည့်ရှုရန် -

http://youtu.be/SNxhqoKT1oc

အောင်ခမ်း ( www.innewsmyanmar.com )

http://www.innewsmyanmar.com/2013/11/elysium.html

အေးချမ်းမွန် Credit To >International news for myanmar https://www.facebook.com/excellencemedia

Post a Comment

 
Top