0


တရုတ်ပြည်မှာ ဖွင့်လှစ်ထားတဲ့ အီတလီ Fiat ရဲ့  စက်ရုံခွဲမှ ထုတ်လုပ်လိုက် တဲ့ ကားအသစ် ဖြစ်ပါတယ်။ 2014 Fiat Ottimo ဖြစ်ပြီး အီတလီ Dodge လို့အတင်စားခံထား ရပါတယ်။

သို့ပေမယ့် Chrysler Dodge ကားတွေလောက် ပါဝါခပ်ကြီးကြီးတော့ မဟုတ် ပါဘူး။ အင်ဂျင်အရွယ် ၁.၄ လီတာ ရှိပြီး တာဘိုချာဂျာတပ် ဆလင် ဒါ လေးလုံးပူး Inline အင်ဂျင်ကား ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၅၀ ရှိပြီး ဂီယာ ၅ ချက်ထိုး ရိုးရိုးနဲ့ ဂီယာ ၆ ချက်ထိုး DCT ဆိုပြီး ၂ မျိုးခွဲခြား ထုတ်လုပ် ထားပါတယ်။ ကားကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း တံခါးလေးပေါက်နဲ့ hatchback ပါ ကား ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ မိတ်ဆက်ပြသခဲ့ပြီး Fiat Ottimo အား ကမ္ဘာ့ ဈေးကွက်ကို ၂၀၁၄ နှစ်ဆန်းမှာ ဖြန့်ချိမယ့် ကား ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( colay.com.mm )

အေးချမ်းမွန် Credit To >Colay:Automobile
1

Post a Comment

 
Top