တရုတ်နိုင်ငံထုတ် DF-15C တာတို ပစ်ပဲ့ထိန်း ဒုံးကျည်တွင် ဖောက်ထွင်းအား ကောင်းသည့် ထိပ်ဖူး တစ်ခုတပ်ဆင်နိုင်ကြောင်း၊ အဆိုပါ နျူကလီးယားထိပ်ဖူးသည် တရုတ် (တိုင်ပေ) နှင့် အာရှ- ပစိဖိတ်ဒေသရှိ အမေရိကန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ မဟာမိတ်နိုင်ငံများ၏ မြေအောက်တွင် ဆောက်လုပ်ထားသော ဌာနချုပ် အဆောက်အအုံများ ကို ဖျက်ဆီးနိုင် စွမ်းရှိကြောင်း တရုတ်နိုင်ငံထုတ် စစ်ဘက်မဂ္ဂဇင်း တစ်စောင်တွင် အောက်တိုဘာ ၂၃ ရက်က ရေးသား ဖော်ပြခဲ့သည်။
ဒေသတွင်းရှိ ရန်သူ့မြေအောက် အဆောက်အအုံများအား အဓိကထား ဖျက်ဆီးရာတွင် အသုံးပြုရန် တရုတ်နိုင်ငံက ၎င်း၏ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့ (Second Artillery Corps) အတွက် အဆိုပါထိပ်ဖူးကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
DF-15C ဒုံးကျည်သည် အကွာအဝေး ၇ဝဝ ကီလိုမီတာ ( ၄၃၇ မိုင်) အထိရောက်ရှိ ပစ်ခတ်နိုင်ပြီး တရုတ် (တိုင်ပေ) အရှေ့ပိုင်း ဟွာလျံမြို့ရှိ Chi-ashan လေတပ် အခြေစိုက် စခန်း၏ မြေအောက် လေယာဉ်ရုံ အပါအဝင် အရှေ့ အာရှဒေသရှိ ပစ်မှတ်အများစုကို တိုက် ခိုက်ဖျက်ဆီးရန် အသုံးပြုနိုင်ကြောင်း၊ သို့ရာတွင် အနောက်ပစိဖိတ် ဒေသရှိ ဂူအမ်ကဲ့သို့သော ပစ်မှတ်များကို တိုက်ခိုက်နိုင်ရန်အတွက် ၎င်း၏ ပစ်ခတ်နိုင်မှု အကွာအဝေးကို မြှင့်တင်ရန် အဆိုပါ ထိပ်ဖူးကို DF-21 နှင့် DF-25 ဒုံးကျည်များတွင် တပ်ဆင်အသုံးပြုရန် လိုအပ် မည် ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ
http://ayechanmon-news1.blogspot.com/
Post a Comment