0


အမေရိကန် SEMA ကားပြပွဲမှာ ဝင်ရောက်ပြသသွားတဲ့ကားပဲ ဖြစ်ပါတယ်။ ရဲသုံး SUV အဖြစ် သီးသန့် ထုတ်လုပ်မယ့် ကားဖြစ်ပြီး Chevy Tahoe လို့ အမည်ပေးထား ပါတယ်။

၅.၃ လီတာ အရွယ် ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပြီး မြင်းကောင်ရေ အား ထုတ်လုပ် နိုင်မှုက ၃၅၅ ရှိပါတယ်။ ခရီသည် ၅ ဦးဆံ့တဲ့ ကားကြီး ဖြစ်ပြီး Chevrolet မှ အမေရိကန် ရဲတို့ အသုံးပြုရန် ရည်ရွယ်လို့ ထုတ်လုပ်လိုက်တဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပစ္စည်းများ ပြန်လည် တပ်ဆင် ထားပေး ပါသေးတယ်။ Sport car chasing အတွက်လည်း ရည်ရွယ်ထားတဲ့ကားမို့ တစ်နာရီ မိုင် ၁၅၀ ဝန်းကျင်တော့ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။

လေးဘီးမောင်း စနစ်ကို အသုံးပြုမယ့်ကား ဖြစ်ပြီး ဂီယာ ၆ ချက်ထိုး ရိုးရိုးကို အသုံးပြုထား ပါတယ်။ ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၅ သောင်းဝန်းကျင် ပေါက်ဈေး ရှိနိုင်မယ့်ကား ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:autoblog
ColayAutomobile

အေးချမ်းမွန် Credit To >Colay:Automobile https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top