ရုရှားဆိုယုဇ် အာကာသဒုံးပျံယာဉ်ကို ကာဇက်စတန် မြေပြင်စခန်းမှ အောင်မြင်စွာ လွှတ်တင်လိုက်ပြီ ဖြစ်ကြောင်း၊ ၄င်းခရီးစဉ်တွင် ဂျပန်လူမျိုး အာကာသယာဉ်မှူး ကိုချီဝါကာတာနှင့် အခြားအဖွဲ့ဝင် နှစ်ဦး လိုက်ပါသွားကြကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဆိုယုဇ် အာကာသယာဉ်ကို နိုဝင်ဘာ ၇ ရက် နံနက် ၁ဝ နာရီ ၁၄ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အာကာသယာဉ် စခန်းသွား လမ်းခရီး၌ ရောက်ရှိနေသည်။ ဒုံးပစ်စင်မှ အဆင့်သုံးဆင့်ပါ ဒုံးပျံယာဉ် လွှတ်တင်ခဲ့ပြီးနောက် ကိုးမိနစ်အကြာ ကီလိုမီတာ ၂ဝဝ အမြင့်ရှိ စီစဉ်ထားသော ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဆိုယုဇ် အာကာသယာဉ်မှူး အခန်းထဲတွင် မူဝါကာတာသည် ယာဉ်လွှတ်တင်မှု ဖြစ်စဉ်များကို ရှင်းပြနေလျက် ရှိပြီး ကင်မရာဆီသို့ ဝှေ့ယမ်း နှုတ်ဆက်ပြနေသည်ဟု ဆိုသည်။ လွှတ်တင်ပြီး ခြောက်နာရီခန့် အကြာတွင် နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်မိမည် ဖြစ်သည်။ ဝါကာတာသည် အာကာသသို့ သွားရောက်မှု ခရီးစဉ်မှာ ယခုအပါအဝင် လေးကြိမ်မြောက်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပထမဆုံး အာကာသစခန်း အုပ်ချုပ်ရေးမှူး ဖြစ်လာမည် ဖြစ်သည်။ ဝါကာတာသည် ယခုခရီးတွင် သူ၏ကိုယ်ပိုင်အလုပ်များ ဖြစ်သော ကြယ်တာရာများကို ရုပ်ရှင်ရိုက်ကူးခြင်း၊ လက်တွေ့သိပ္ပံ စမ်းသပ်မှု၌ အရိုးများ အလေးချိန် ကင်းမဲ့မှုတို့ကို သုတေသနပြု လေ့လာမည် ဖြစ်သည်။ ဂျပန်နှင့် ဗီယက်နမ် ပူးတွဲ မိုက်ခရိုဂြိုဟ်တု တစ်လုံးကိုလည်း လွှတ်တင်လိမ့်မည် ဖြစ်သည်။
(ဘီဘီစီ)
အေးချမ်းမွန် Credit To > BBC
Post a Comment