0


ရန်ကုန်၊ နိုဝင်ဘာ ၉။

အကျဉ်းကျခံဖူးသူ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးရန်
ဒုတိယအကြိမ်အဖြစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်း
လှည့်လည် ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားရာ ခွင့်ပြု
မိန့်မပေးကြောင်း ယင်းရပ်ကွက်ထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ အမှတ်-၁၁ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်
ရေးမှူးသည် အကျဉ်းကျခံရဖူးသဖြင့် ပြည်သူများက ပြန်လည် စိစစ်ရွေးချယ် ပေး ရန် ဒုတိယအကြိမ်အဖြစ် ငြိမ်းချမ်းစွာစုဝေး
ခြင်းနှင့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်ကို လှိုင်သာယာ
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးသို့ လျှောက်
ထားရာ ခွင့်ပြုမိန့်မပေးကြောင်းရပ်မိရပ်ဖ ဦးဟန်ဇော်တင့်က
People Power သို့ ပြောကြားသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ အချက် ၁၁ချက်နဲ့ ညီနေ
ရမယ်။ အခုဟာက အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမယ်
ဆိုတဲ့အချက်နဲ့ ငြိစွန်းနေ တယ်။ အဲဒါကို ရပ်ကွက်ထဲမှာ ရှိတဲ့ ပြည်သူတွေက လက်မခံဘူး။ ပထမတစ်ကြိမ်တုန်းက
ဆန္ဒထုတ်ဖော် ခွင့်ပေးတယ်။ အခု ဒုတိယအကြိမ်အဖြစ်
လျှောက်တာ ခွင့်ပြုမိန့်ဘာကြောင့် မပေးရတာလည်း”ဟု ၎င်းကထပ်မံပြောကြားသည်။

အကျဉ်းကျခံဖူးသူ အမှတ်-၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူး အား ပြန်လည်စိစစ်ရွေးချယ်ပေးရန် ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်တောင်းဆိုရာ တွင် ယခင်ခွင့်ပြုပေးခဲ့စဉ်က ရပ်ကွက်အတွင်းပြဿနာဖြစ်ပွားခဲ့ခြင်း၊ အမှတ်-၁၁ရပ်ကွက်၊
မြို့နယ်နှင့် ရပ်ကွက် သံဃနယကအဖွဲ့မှ ဆန္ဒ ထုတ်ဖော်ခြင်း များရပ်တန့်ပေးရန် မေတ္တာရပ်ခံထားကြောင်း၊ ရွေးချယ်ခံထား
ရသော အုပ်ချုပ်ရေးမှူးအား ထောက်ခံသူနှင့် ကန့်ကွက်သူများ
အကြား ခိုက်ရန်ဖြစ်ပွား၍ ရပ်ရွာတွင်အေးချမ်းသာယာမှုကို ထိခိုက်စေနိုင်ခြင်းတို့ ကြောင့် ခွင့်ပြုမိန့်မပေးကြောင်း မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောကြားသည်။

“ပထမတစ်ခေါက်တုန်းက ဥပဒေအကြောင်းအရာများနဲ့ညီလို့ ခွင့်ပြုမိန့်ပေလိုက်တယ်။ အခုခွင့်ပြုမိန့်မပေးတာက ရပ်ကွက်
အတွင်း ပဋိပက္ခ ဖြစ်ပွားမှာစိုးလို့ပါ။ ပထမတစ်ခေါက် ဆန္ဒ ထုတ်ဖော်တုန်းက ကန့်ကွက်သူနဲ့ ထောက်ခံသူပြဿနာ
ဖြစ်ကြလို့ ခွင့်ပြုမိန့်မပေးတာ”ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

အမှတ်-၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြန်လည်စိစစ်ရွေးချယ်
ပေးရန် ပထမအကြိမ်အဖြစ် လူအင်အား ၂၀၀ခန့်ဖြစ်ပြီး စက်
တင်ဘာ ၂၉ရက်နေ့ တွင် ဆန္ဒထုတ်ဖော်၍ တောင်းဆိုသော် လည်း ရွေးချယ်ခြင်းမရှိသည့်အတွက် ယခု ဒုတိယအကြိမ်
အဖြစ် ထပ်မံဆန္ဒပြခွင့် တောင်းဆိုခြင်းဖြစ်ကြောင်း ယင်း
ရပ်ကွက်ထံမှ သိရသည်။

ရေးသားသူ - လင်းလင်း
တည်းဖြတ်-နီတိုး

အေးချမ်းမွန် Credit To >People power https://www.facebook.com/excellencemedia

Post a Comment

 
Top