0


ရန်ကုန်၊ နိုဝင်ဘာ ၉။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း တစ်လိုင်း
ဖြစ်သော မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး
ကော်မတီမှ ယာဉ်လိုင်း များအတွက် ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်မရှိကြောင်း မ-ထ-သ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“အခုအချိန်ထိ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ မတိုင်ပင် ရသေးဘူး။ ဆွေးလည်း မဆွေးနွေးရသေးဘူး။ အခုအချိန်ထိ
တော့ ကျွန်တာ့်ဆီကို ယာဉ်ရပ် နားစခန်း တည်ဆောက်ဖို့
ဆိုပြီး စာပို့ထားတာတို့၊ ထုတ်ပြန်ချက်တို့မရှိသေးဘူး”ဟု ၎င်းက ပြောကြားသည်။

မ-ထ-သ ယာဉ်ကြီးများသည် ရန်ကုန်မြို့တွင်း ၃၄၉လိုင်း၊
မ-ထ-သ အဝေးပြေးယာဉ်လိုင်း (ရန်ကုန်အခြေစိုက်)
၁၄၁ လိုင်းရှိပြီး ထိုယာဉ်များ အတွက် ယာဉ်ရပ်နားရန် အခက်အခဲများစွာရှိနေကြောင်း၊ အချို့မ-ထ-သယာဉ်များ
သည် လမ်းဘေးဝဲယာနှင့် ယာဉ်ပိုင်ရှင်၏ အိမ်အနီးတ၀ိုက်
တွင်သာ ရပ်နားမှုများကြောင့် လမ်းများပိတ်ဆို့ခြင်းမျာစွာ
ရှိနေကြောင်း၊ မ-ထ-သ ယာဉ်များအတွက် ယာဉ်ရပ်နားစခန်း လိုအပ်နေ ကြောင်း ရန်ကုန်မြို့ရှိ မ-ထ-သ ယာဉ်လိုင်းများထံမှ
သိရသည်။

“ကျွန်တော်တို့အနေနဲ့ ယာဉ်ရပ်နားစခန်း ဆောက်ပေးဖို့
မျှော်လင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တို့ ယာဉ်တွေပျက်လို့ပဲဖြစ်ဖြစ်၊ နားချင်လို့ပဲဖြစ်ဖြစ်၊ လမ်းဘေးမှာ ရပ်ရတဲ့အတွက် အခက်အခဲ အများကြီးရှိပါတယ်”ဟု မ-ထ-သ (၄၈)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ယာဉ်ပိတ်ဆို့မှုရရှိနေခြင်းကြောင့် သက်ဆိုင် ရာအာဏာပိုင်များဘက်မှ ယာဉ်ရပ်နားစခန်းများ တည်ဆောက်
ပေးခြင်းများစွာ ရှိနေပြီး ယင်းယာဉ်ရပ်နားစခန်းများသည် ကိုယ်ပိုင်ယာဉ်ငယ်များအတွက်သာ ဖြစ်ပြီး၊ မ-ထ-သ ယာဉ်
ကြီးများနှင့် အဝေးပြေးယာဉ်များ အတွက် ယာဉ်ရပ်နားစခန်း
များ တည်ဆောက်ရန် လိုအပ်နေကြောင်းနှင့် မ-ထ-သ
ယာဉ်ရပ်နား စခန်းများတည်ဆောက်ပေးမည်ဆိုပါက လမ်းကြောပိတ်ဆို့မှုအတွက် များစွာအထောက်အကူ
ပြုနိုင်ကြောင်း ရန်ကုန်မြို့ရှိ မ-ထ-သ ယာဉ်လိုင်းများမှ
သိရသည်။

ရေးသားသူ -ဇော်မျိုး
တည်းဖြတ်သူ -နီတိုး

အေးချမ်းမွန် Credit To > People power https://www.facebook.com/excellencemedia

Post a Comment

 
Top